မြစ်ကြီးနား စက်တင်ဘာ ၄
ကချင်ပြည်နယ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်စန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးနှင့် PCR နည်းစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေးစက် လွှဲပြောင်း/လက်ခံဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ကျင်းပြုလုပ်သည်။
ကိုဗစ်-၁၉
ကာကွယ်ဆေးများနှင့် ရောဂါရှာဖွေရေးစက် လွှဲပြောင်း/လက်ခံ ဆောင်ရွက်သွား မည့်
အစီအစဉ်များနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်နီးချင်းကောင်းပီသစွာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် စဉ်ဆက်မပြတ် လှူဒါန်းပေးသည့်အပြင် မိမိတို့မှ
မှာယူသည့် ပစ္စည်းများကို လွယ်ကူ လျင်မြန်စွာ ပို့ဆောင်ပေးခြင်းတို့ကို
ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ ပေါင်စန်းပြည် နယ်ခွဲမှ လှူဒါန်းလာမည့်
ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စနစ်တကျလက်ခံ၍ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ
ပုံမှန်လည်ပတ်နိုင်ရေး၊ စိုက်ပျိုးရေးအလုပ်သမားများ အပါအဝင် ပါဝင်ပတ်သက်သည့်အဖွဲ့အစည်းများအားလုံးကို
ဦးစားပေးအလိုက် ထိုးနှံပေး သွားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေးစက်ကို
လွှဲပြောင်းလက်ခံပြီး ဆောင်ရွက်သွားမည့်် လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးကြ စေလိုကြောင်း
တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည်
တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊
ပြည်နယ်ဦးစီးမှူး၊ မြစ်ကြီးနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊
မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ပြည်နယ်သီးနှံစိုက်ပျိုး
ထုတ်လုပ်သူများအသင်းနှင့် ပြည်နယ်ကုန်စည်ပို့ဆောင်ရေးအသင်းတို့မှ
တာဝန်ရှိသူများနှင့် ပေါင်စန်း ပြည်နယ်ခွဲမှ ပေးပို့လှူဒါန်းလာမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ
၁၅၀၄၀၀ ကို စနစ်တကျ စစ်ဆေးလက်ခံသွားနိုင်ရေး၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များတွင် စနစ်တကျ
ခွဲဝေထိုးနှံပေးသွားနိုင်ရေး၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းဆောင်ရွက်နေကြသည့် ယာဉ်မောင်းနှင့်
ယာဉ်နောက် လိုက်များ၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသူများနှင့်
၎င်းတို့နှင့် ဆက်စပ်သည့် ပါဝင်သည့် ပါဝင်ထိုက်သူများအားလုံး ထိုးနှံပေးနိုင်ရေး၊ PCR စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါစစ်ဆေး
နိုင်သည့်စက်အား လွှဲပြောင်း/လက်ခံပြီး မြစ်ကြီးနားပြည်သူ့ဆေးရုံအတွင်း
ထားရှိစစ်ဆေးဆောင်ရွက်မည့် လုပ်ငန်းများအတွက် သင်တန်းပေးနိုင်ရေးတို့ကို ပွင့်လင်း
ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးမှုများနှင့်
ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းလာမည့်
ကိုဗစ်-၁၉ ကာကွယ်ဆေးများကို နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများတွင် အဓိက
ပါဝင်ဆောင်ရွက်နေသူများ ကျန်ရှိမှုမရှိစေရေး သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များက
သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ စာရင်းကောက်ယူပြီး စနစ်တကျ
ထိုးနှံပေးနိုင်ရေး နှင့် ကိုဗစ်-၁၉ ရောဂါရှာဖွေရေးစက်ကိုကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးအတွက်
ပေါင်စန်းပြည်နယ်ခွဲ မှကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်၍ အမြန်ဆုံးသင်တန်း တက်ရောက်နိုင်ရေး
တို့ကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်ပြန်/ဆက်
No comments:
Post a Comment