Saturday, September 11, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီသို့ အလှူငွေနှင့် Oxygen Concentrator များ လှူဒါန်း

 


နေပြည်တော် စက်တင်ဘာ ၁၀

Coronavirus Disease 2019 (COVID-19) copolကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီသို့ အလှူငွေနှင့် Oxygen Concentratorများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန covID-19 Central Command Center တွင် ကျင်းပသည်။

အခမ်းအနားတွင် အလှူငွေများအား လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက ရှင်းလင်းပြောကြားပြီး Oxygen Concentrator များ လှူဒါန်းရခြင်း နှင့် ပတ်သက်၍ Bhone Pyae San (BPS Trading & Construction Co., Ltd ) ဒေါက်တာ ညီညီထွန်းက ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဝန်ထမ်းများ ကအလှူငွေကျပ်သိန်း ၃ဝ နှင့် ဒေါက်တာညီညီထွန်း+ ဒေါ်ဖြူသက်ခိုင် Bhone Pyae San(BPS Trading & Construction Co., Ltd ) မိသားစုမှ MICITECH 10 L Oxygen Concentrator ၁၀ လုံးအား ပေးအပ်လှူဒါန်းရာ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ အတွင်းရေးမှူး ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အလှူငွေကျပ်သိန်း ၃၀ နှင့် Oxygen Concentrator များ ပေးအပ်လှူဒါန်းခြင်းအတွက် Oxygen ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment