နေပြည်တော် စက်တင်ဘာ ၁၀
ကလေးမြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ လ ၉ ရက်နေ့ နေ့လယ် ၁ နာရီ ၁၅ ချိန်တွင် ဂန့်ဂေါ-ကလေးကားလမ်းအတိုင်း ချီတက်ပြီး နယ်မြေတည်ငြိမ်ရေးလုပ်ငန်းများဆောင်ရွက်စဉ် မြင်သာကျေးရွာအဝင်၌ PDF အကြမ်းဖက်သမား ၅၀ ခန့်က လက်နက်ငယ်၊ တူမီးသေနတ်၊ တစ်လုံးထိုးသေနတ်များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့ရာ PDF အကြမ်းဖက်သမားများ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် PDF အကြမ်းဖက်သမားများထိခိုက်ကျဆုံးမှုများပြားခဲ့ပြီး တူမီးသေနတ် ၁၁ လက်၊လက်လုပ်တစ်လုံးထိုးသေနတ် ၃ လက်၊ လက်လုပ်စိန်ပြောင်း ၈ လက်၊ လုပ်လေသေနတ် ၁ လက်နှင့် တစ်လုံးထိုးကျည် ၈၃ တောင့် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment