နေပြည်တော် စက်တင်ဘာ ၃
ဒေသအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ကြပြီး ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပုဂံရုံးခွဲတာဝန်ခံများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်က ပထမအကြိမ် အမျိုးသား ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးက ချမှတ်ထားသည့် မူဝါဒများကို လုပ်ငန်း လမ်းညွှန်များအဖြစ် ခံယူအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် လက်ရှိဆောင်ရွက် နေသော လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန် စီမံချက်ချမှတ်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ သဘာဝပတ်ဝန်းကျင် အနေအထား၊ အားကစား၊ အစားအသောက်၊ ကျေးလက်ဓလေ့ထုံးစံများကို အခြေခံသည့် လှုပ်ရှား ဖော်ဆောင်မှု အစီအစဉ်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စည်းကမ်းများနှင့်အညီ Startup Project များအဖြစ် အစပျိုး အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် Online မှ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ရုံးခွဲတာဝန်ခံများ က ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေ၊ HSP သင်တန်းများ ဖွင့်လှစ်မည့် အစီအစဉ်၊ ခရီးစဉ် ဒေသသစ်များ ဖော်ထုတ်နေမှုအခြေအနေ၊ Startup Project ဆောင်ရွက်ရန် စီမံထားရှိမှု အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment