Wednesday, September 15, 2021

ဝိုင်းမော်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် ဘိန်းဆီခဲများ ဖမ်းဆီးရမိ


နေပြည်တော် စက်တင်ဘာ ၁၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ တွင် ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ၊ (၁၃)ကီလို မီတာ ပူးပေါင်း စစ်ဆေးရေးစခန်းအနီးတွင် လုတ်ယိန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဆီခဲ ၅ ကီလိုကိုလည်းကောင်း။

စက်တင်ဘာ ၁၂ ရက် ညနေ ၅ နာရီခွဲတွင် နမ့်ခမ်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ မူဆယ်-နမ့်ခမ်းသွား ကားလမ်းတွင် ခေါယော(ခ)ရှောက်ခုန် မောင်းနှင်ပြီး ထန်းချမ်း(ခ)လောက်ဝူး လိုက်ပါလာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၈၄ ကီလို ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)

No comments:

Post a Comment