နေပြည်တော် စက်တင်ဘာ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၄) စစ်လက်ရုံးရွေးချယ်ပွဲသို့ ဆက်လက် တက်ရောက် စိစစ်ရွေးချယ် သည်။
အဆိုပါ စစ်လက်ရုံးရွေးချယ်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား စာပေပညာ၊ စစ်ပညာ ဘာသာရပ်အလိုက် ထူးချွန် ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစားအားထုတ်မှု များအပေါ်မူတည်၍ သင့်လျော်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီး အတွက် စိစစ်ရွေးချယ်ပေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ဗိုလ်လောင်းအိပ်ဆောင်များ၊ စားရိပ်သာနှင့် စားချက်ဆောင်တို့အား လိုက်လံ ကြည့်ရှု စစ်ဆေးရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ထိုသို့လိုက်လံ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စစ်တက္ကသိုလ်သည် အနာဂတ် ခေါင်းဆောင်များကို မွေးထုတ်ပေးရာ ကျောင်းတော်ကြီးတစ်ခု ဖြစ်သဖြင့် အရည်အချင်းပြည့်ဝပြီး ကိုယ်ရည်ကိုယ်သွေးမြင့်မားသည့် ဗိုလ်လောင်းများ ထွက်ပေါ် လာစေရန် စနစ်တကျ ကြပ်မတ်မွေးထုတ်ပေးရမည်ဖြစ်ကြောင်း၊ အခြေခံ နေထိုင်သွားလာ စားသောက်မှုပုံစံများမှအစပြု၍ အရာရှိတစ်ဦးနှင့်လျော်ညီစွာ နေထိုင်သွားလာပြုမူတတ်သည့် အလေ့အကျင့်ကောင်းများရရှိအောင် စနစ်တကျပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးရမည် ဖြစ်ကြောင်း၊ ဗိုလ်လောင်းတစ်ဦးအနေဖြင့် ရသင့်ရထိုက်သည့် စစ်ဝတ်အသုံး အဆောင်ပစ္စည်းများကို သတ်မှတ်ကာလများအတိုင်း ထုတ်ပေးသွားရန်လိုပြီး မိမိတို့ နေထိုင်ရသည့်အိပ်ဆောင်တွင် စည်းကမ်း စနစ်တကျ နေထိုင်တတ်စေရန်နှင့် အသုံးအဆောင်ပစ္စည်းများကို စနစ်တကျဖြင့် အသုံးပြုတတ်စေရန် ကြပ်မတ်လေ့ကျင့်ပေးကြရမည် ဖြစ်ကြောင်း၊ စားရိပ်သာများအနေဖြင့် တစ်နေ့တာ ရသင့်ရထိုက်သည့် အချိုးအစားအတိုင်း စနစ်တကျတွက်ချက် ချက်ပြုတ်ကျွေးမွေးရန်နှင့် စားရိပ်သာများ၊ စားချက်ဆောင် များ သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေးနှင့် ကိုက်ညီမှုရှိအောင် ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း ဖြင့် မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် အောင်ဇေယျတပ်ရင်း ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသား ဗိုလ်လောင်း များနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ကြခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment