မော်လမြိုင်ကျွန်း စက်တင်ဘာ ၁၄
လပွတ္တာခရိုင် ၊ မော်လမြိုင်ကျွန်း မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မင်္ဂလာရာမလမ်းတွင် ယမန်နေ့ကဖြစ် ပွားခဲ့သော မိုသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှု့ကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ် (၂) လုံး ၊ အိမ်ထောင်စု့ (၂) စုအား ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁နာရီ မိနစ် ၃၀ အချိန်က လေဘေးသင့် ပြည်သူ့များထံသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့်ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု့ဦးစီးဌာန၊ ဦးစီးမှူးဒေါ်ဇာဇာလင်းတို့မှ ပြိုကျပျက်စီးခဲ့သော နေအိမ်(၂) လုံး၊ အိမ်ထောင်စု(၂)စုမှ ဘေးသင့်လူဦးရေ (၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ(၁)ပုံး၊ ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုးပါ(၁)ပုံး၊ ဆန်ရိက္ခာ (၇)ရက်စာ (၁၄၇၀ဝ)ကျပ် နှင့်အိမ်ဆောက်ပစ္စည်း တန်ဘိုး (၂၀၀၀၀ဝ)၊ စုစုပေါင်း (၂၁၄၇၀ဝ) ကျပ်တိတိအားရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေး တို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ကြောင်းသိရှိရသည်။
သီတာအောင်


No comments:
Post a Comment