ပူတာအို စက်တင်ဘာ ၁၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ဈေးကွက်၀င် အရည်အသွေးကောင်းမွန်သည့် ၀ဥမျိုးများတိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားရန် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်၏ ၂၀၂၁-ခုနှစ် ဧပြီလအတွင်း ပူတာအိုခရိုင်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည့်ခရီးစဉ်တွင် လမ်းညွန် မှာကြားခဲ့ပြီး ၀ဥစိုက်ပျိုးလိုသည့် တောင်သူများအား ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၀ဥမျိုးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ယင်း ၀ဥမျိုးများစိုက်ပျိုးရာတွင် ဥကြီးမျိုး၊
ဥလတ်မျိုး၊ ဥသေးမျိုး၊ ရွက်သီး/ဂွသီးမျိုးနှင့် ဖူးတံစေ့မျိုးဟူ၍ ငါး မျိုးရှိကြောင်း၊ဥကြီးမျိုး၊ဥလတ်မျိုးနှင့်ဥသေးမျိုးများသည်
လေးပေနှစ်ပေ ပတ်လည်စိုက်ပျိုးရပြီး တစ်ရာသီ အတွင်း မျိုးများပြန်လည်ရရှိပါကြောင်း၊
ရွက်သီး/ဂွသီးမျိုးများသည် နှစ်ပေပတ်လည် စိုက်ပျိုးရပြီး(၂)နှစ်မှ(၃) နှစ်အတွင်းမျိုးများ
ပြန်လည်ရရှိပါကြောင်း၊ ဖူးတံစေ့မျိုးများသည် လေးလက်မ(သို့မဟုတ်)ခြောက်လက်မ စိုက် ပျိုးရပြီး
လေးနှစ်အတွင်း မျိုးများပြန်လည်ရရှိပါကြောင်း ပူတာအိုခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး
ဦးမြင့်ထွေးထံမှသိရသည်။
အဆိုပါ၀ဥမျိုးများသည် မြေချဉ်ငံဓါတ်
၄.၅မှ၆.၅နှင့်မိုးရေချိန် ၆၀မှ၁၂၀လက်မကြားတွင် စိုက်ပျိုးနိုင်ပြီး မိုးများလျှင်လည်း
အထွက်နှုန်းကျဆင်းတတ်ကြောင်း၊ အပင်ကြီးထွားချိန်တွင် ပူနွေးစိုစွတ်ပြီး အပူချိန်အနေဖြင့်
၂၅မှ၃၅ဒီဂရီစင်တီဂရိတ်ရှိရန်လိုအပ်ကြောင်းနှင့် ဥကြီးချိန်တွင် အေးမြခြောက်သွေ့သော
ရာသီဥတုမျိုးဖြစ်ရန်လို အပ်ကြောင်း၊ မြေမျက်နှာသွင်ပြင် ၄၅ဒီဂရီထက် ပိုမတ်စောက်လျှင်
လေခါးထစ်စိုက်စနစ်သုံးရမည်ဖြစ်ပြီး ပင် လယ်ရေမျက်နှာပြင် အမြင့် ပေ ၁၀၀၀အထက်နှင့်ပေ
၅၀၀၀ကြား၊ပေ ၂၅၀၀အထက်တွင်အရိပ်မလိုအပ်ကြောင်း နှင့်ပေ ၁၀၀၀အောက်တွင် ၆၀မ ၇၅ရာခိုင်နှုန်းအထိ
အရိပ်လိုအပ်လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ပူတာအိုခရိုင်အတွင်း ကျေးရွာအုပ်စု(၈)အုပ်စုတွင်
၀ဥစိုက်တောင်သူ(၃၆)ဦးတို့က ၀ဥစိုက်ဧက (၃ဒသမ ၄၈)ဧကစိုက်ပျိုးခဲ့ပြီး ၎င်းမှရရှိလာသောမျိုးများကို
တိုးချဲ့မျိုးပွားနိုင်ရေးအတွက် စိုက်ပျိုးလိုသည့်တောင်သူများ ထံသို့ဆက်လက်ဖြန့်ဝေနိုင်ရေးနှင့်
စိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
ဖုန်ကန်(ပူတာအို)
No comments:
Post a Comment