နေပြည်တော် စက်တင်ဘာ ၁၀
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့်အောက်ဆီဂျင် အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံး အောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ
ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်း၊ ရွှေဟော် (ဝဲပုံ)၊ မြဝတီနှင့် တာချီ လိတ် ကုန်သွယ်ရေးစခန်း လေးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီခြောက်ခုမှ ယာဉ်စီးရေအစီး ၂၀ ဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးဖြင့် ၁၉ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၂၁၆၁ ခု၊ Oxygen Plant ၅ခု၊ Oxygen Generator တစ်ခု၊ အိမ်သုံး Oxygen Concentrator ၁၂၁၃ နှင့် နှာခေါင်းစည်း (Mask) ၁၀၈ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant ငါးခုမှာ ရန်ကုန် မြို့သို့ သုံးခု၊ တာချီလိတ်နှင့်မော်လမြိုင်မြို့တို့သို့ တစ်ခုစီဖြစ် ကြောင်း သိရသည်။ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေး အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသလို အကူအညီ လိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင် ရေးအတွက် ဌာနများအလိုက် ဆက်သွယ် မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် commerce. gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment