Friday, September 10, 2021

မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာတွင် အောက်ဆီဂျင်စက်ရုံကြီး စတင်လည်ပတ်လျက်ရှိ

 


မြင်းမူ  စက်တင်ဘာ  ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ထီးဆောင်းစံပြကျေးရွာ ရွှေရတုတိပိဋကစက္ခုပါလ ဆေးရုံ တော်အတွင်း တည်ဆောက်ပြီးစီးပြီဖြစ်သည့် အောက်ဆီဂျင်စက်ရုံမှ ယခုအခါ အောက်ဆီဂျင်များ စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

အောက်ဈီဂျင်စက်ရုံကို ရွှေရတုတိပိဋကဓရဆရာတော် ဘဒ္ဒန္တဝံသာပါလာလက်ာရနှင့်  တိပိဋက ဓရ မြင်းမူဆရာတော် ဘဒ္ဒန္တပညာသီရိလင်္ကာရဆရာတော်နှစ်ပါးမှ ဦးဆောင်ကာ အနယ်နယ်အ ရပ်ရပ်မှ စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့်   တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း စက်ပစ္စည်းများ ကို ထိုင်းနိုင်ငံမှမှာယူတင်သွင်းခဲ့ပြီး  အဆောက်အဦ၊ စက်ပစ္စည်းတန်ဖိုးနှင့် အခြားပစ္စည်းများဝယ် ယူရန်အတွက် ငွေကျပ်သိန်း(၁၅၀၀)ကျော်ကုန်ကျခဲ့ကြောင်း၊  ရန်ပုံငွေရှာဖွေရေးအတွင်းရေးမှူး ဦးမျိုးလွင်ထံမှ သိရှိရသည်။

ယခုတည်ဆောက်ပြီးစီးပြီဖြစ်သည့်  အောက်ဆီဂျင်(Oxygen)စက်ရုံမှ   (၄၀)လီတာဝင်အိုး(၁) ရက် လျှင်  အလုံး(၂၀၀) ကျော် ထုတ်လုပ်နိုင်ပြီဖြစ်၍    အောက်ဆီဂျင်လိုအပ်သူ မည်သူမဆိုလာရောက် ဖြည့်ယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။  

အောင်စိုးဖေ

No comments:

Post a Comment