ကျောက်ပန်းတောင်း စက်တင်ဘာ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အများပြည်သူလှူဒါန်းငွေဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သည့် အောက်စီဂျင်စက် အသစ်တစ်လုံး ယမန်နေ့ နံနက်က ထပ်မံရောက်ရှိလာကြောင်းသိရပြီး၊ စက်ထည့်ယူ သယ်ဆောင်လာသည့် တွဲကားပေါ်မှ ကွန်တိန်နာဘောက်စ်အား ညနေ(၆) နာရီတွင် စက် ထားရှိမည့် အထိုင်ခုံပေါ်သို့ ကရိန်းဖြင့် တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။
ယခုရောက်ရှိလာသည့် စက်မှာ ကျောက်ပန်းတောင်းမြို့အတွက် ဒုတိယမြောက်စက်ဖြစ်ပြီး၊ စက်အမျိုး အစားမှာ PSA oxygen generation system scheme ဖြစ်ကြောင်းနှင့် မြို့မိမြို့ဖများထံမှ ကျပ်သိန်း (၁၉၀၀)ကျော် အလှူခံရရှိခဲ့သဖြင့် ကော်မတီ၏ သဘောတူဆုံးဖြတ်ချက်ဖြင့် (၁၅-၇-၂၀၂၁) ရက်နေ့တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး၊စက်တန်ဘိုးမှာ ဒေါ်လာ(၅၉၉၀၀) ဖြစ်ကြောင်း စက်ဝယ်ယူရေး အကျိုးတော် ဆောင်တစ်ဦးထံမှသိရသည်။ ၎င်းစက်ကို ကျောက်ပန်းတောင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ကျောက်ကပ် ဆေးစက်အနီး၊ ပေ(၁၀၀)ပတ်လည်ရှိမြေနေရာတွင် စိတ္တပါလဂူကျောင်းဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့် အဆောက်အဦဆောက်လုပ်ထားရှိသွားမည်ဖြစ်ပြီး၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ တပ်ဆင်ထားရှိပြီးဖြစ် ကြောင်းသိရသည်။ “စက်ကတော့ ကွန်တိန်နာထဲမှာ တပ်ဆင်ပြီးသားအတိုင်း အလုံးလိုက်ထည့် ယူလာတာပါဗျ။ ဒါပေမဲ့ဒီမှာ အထိုင်ခုံပေါ်တင်ပြီးရင် ချက်ချင်း မိုးလုံလေလုံဖြစ်အောင် အရင်လုပ်ရဦးမှာနဲ့ စက်ကို ပြန်ပြီးစမ်းသပ်ရဦးမှာနဲ့ဆိုတော့ အောက်စီဂျင်ထုတ်ပေးနိုင်မဲ့ရက်ကိုတော့ ပြောလို့မရ သေးပါဘူး အခုဟာက မဖြစ်မနေ အရေးပေါ်ကာလလည်း မဟုတ်တော့ဘူးလေ ဒါ့ကြောင့် ကျွန်တော်တို့ စက် မိုးလုံ လေလုံဖြစ်ဖို့ အရင်ဦးစီးပေးလုပ်ရမှာပါ ဘာလို့ဆို စက်ထားဖို့အတွက် သူ့ဂွင်ကိုက် အုတ်ခုံက လုပ်ပြီး သားမို့ အဲ့ဒီခုံပေါ်ကို တစ်ခါတည်းကရိန်းနဲ့တင်ပြီး ဂွင်ကျချပြီးမှ အဆောက်အဦ လုပ်ငန်းစ ရမှာဖြစ်လို့ပါ” ဟု အောက်စီဂျင်စက်ဖြစ်မြောက်ရေးကော်မတီဝင် တစ်ဦးကပြောသည်။အဆို ပါစက်သယ်ချနေမှု အခြေ အနေများကို၊ အောက်စီဂျင်စက်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင် ဗိုလ်မှူး မိုးကိုကိုတို့ လာရောက်ကြည့်ရှုအားပေးကြသည်။
ကျောက်ပန်းတောင်းမြို့နယ်အတွက် ပထမအောက်စီဂျင်စက်တစ်လုံးကို သုဂတိရှင်နာရေး ကူညီမှု အသင်း၏ အစီအစဉ်ဖြင့် ဝယ်ယူခဲ့ရာ၊၎င်းစက်မှာ ဩဂုတ်လ ၁၁ ရက်နေ့တွင်ရောက်ရှိ၍ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စတင်ကာ အောက်စီဂျင် ထုတ်ပေးနိုင်ခဲ့ပြီး၊ တစ်ရက်လျှင် ၄၀ လီတာဝင်အောက်စီဂျင်အိုး အလုံး(၆၀)ကျော် ထုတ်ထုပ်နိုင်ကြောင်းသိရသည်။ ယခုစက်မှာ ဒုတိမြောက် ရောက်ရှိခြင်းဖြစ်၍ တစ်ရက် လျှင် (၁၈)နာရီမောင်း နှင်နိုင်ကြောင်းနှင့် ၄၀ လီတာဝင် အောက်စီဂျင် အိုး အလုံး (၉၀)ထုတ် လုပ်ပေးနိုင် မည်ဖြစ်ရာ၊ စက်(၂)လုံး ထုတ်လုပ်အားဖြင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းသာမက အနီးဝန်းကျင်မှလိုအပ်သည့် မြို့နယ် /ကျေးရွာ များ အတွက်ပါ၊ အောက်စီဂျင် လုံလောက်စွာထုတ်လုပ်ပေးနိုင် တော့ မည်ဖြစ် ကြောင်း သိရသည်။
နေအောင်

No comments:
Post a Comment