Monday, September 13, 2021

ကြို့ပင်ကောက်မြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များဆောင်ရွက်ပေး

 


 ကြို့ပင်ကောက် စက်တင်ဘာ ၁၃ 

ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့အတွင်းရှိ ဒေသခံပြည်သူများအားလုံးတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက် ကျေးရွာများအထိ ကွင်းဆင်းကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ အိမ်ထောင်စု လူဦးရေစာရင်း ၂၆၇ စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ် ၄၂၇ ကတ်ကို ပြုလုပ်ပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။

အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသည့် အိမ်ထောင်စုများနှင့် အသက် ၁၆ နှစ်နှင့် ၁၈ နှစ်ကြား၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများကို ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ ၁၂ ရက်နေ့က စစ်ကုန်း(၁)ကျေးရွာအုပ်စု ငါးကျီးကျေးရွာရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် ၂၃ ကတ် ကို ကျေးရွာဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆက်လက်ပြီး ကျေးရွာများအရောက် ကွင်းဆင်းကာ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဦးခင်မောင်က ပြောသည်။ 

နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုတိုင်း အိမ်ထောင်စုစာရင်းများရရှိအောင် ဥပဒေနှင့် အညီ ဖြေလျော့မှုများဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများအနေဖြင့် ပြုလုပ်ထားကြ စေလို ကြောင်း လက်ရှိဒေသတွင် အမြဲနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများ၊ လက်ရှိဒေသသို့ တခြားဒေသမှ ပြောင်းရွှေ့နေထိုင်သူ များတွင် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများ၊ ပြောင်းရွှေ့နေထိုင်သူများအနက် မူလဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းမရှိ နိုင်ငံသား စိစစ်ရေးကတ်များလည်း မရှိသေးသူများအား ဥပဒေနှင့်အညီ ဖြေလျော့မှုများဖြင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

 

ဇေယျာထွန်း

No comments:

Post a Comment