မြစ်ကြီးနား စက်တင်ဘာ ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ရပ်ကွက်များအလိုက် စေတနာ့ဝန်ထမ်းအစုအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘာသာရေး အဖွဲ့အစည်းများမှ ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေး စခန်းများသို့ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်
ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ
နောင်နန်းကျေးရွာအုပ်စု၊ နောင်နန်းကျေးရွာရှိ တြီနီတီနှစ်ခြင်းခရစ်ယာန်အသင်းတော်
ဘုရားကျောင်းဝင်းအတွင်း နောင်နန်းကျေးရွာ၊ ပလန ကျေးရွာများအတွင်းမှ ကိုဗစ်-၁၉
အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေးစခန်းဖွင့်လှစ်ထားရှိမှု အခြေအနေကို တာဝန်ရှိသူများနှင့်
မေးမြန်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉
ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ယခုလို ဘာသာရေးအဖွဲ့အစည်း အသီးသီးမှ စေတနာ့ ဝန်ထမ်းလူငယ်များစုဖွဲ့၍
ပူးပေါင်းပါဝင်ဆောင်ရွက်လာသည့်အတွက် မိမိတို့အနေဖြင့် ကျေးဇူး အထူးတင်ရှိသည့်အပြင်
မိမိတို့ စုဆောင်းထားရှိသည့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို လည်း အတူတကွ
မျှဝေသုံးစွဲနိုင်ရေး ယခုလို လာရောက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍
ပြည်နယ်ဝန်ကြီးချုပ်က စခန်းအတွင်းရှိ လူနာများအား အားပေးစကားပြော ကြားခဲ့ပြီး တာဝန်ရှိသူများထံ
ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက်
ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် မန်ခိန်ရပ်ကွက်အတွင်းရှိ
ပထမလီဆူနှစ်ခြင်းအသင်းတော်ဘုရားကျောင်းဝင်း အတွင်း ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉
အတည်ပြုလူနာများပြုစုစောင့်ရှောက်ရေးစခန်းသို့ သွား ရောက်ပြီး အသင်းတော်တာဝန်ရှိသူများ၊
စေတနာ့ဝန်ထမ်းများနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများ အား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး
ကိုဗစ် - ၁၉ ကာကွယ်ရေးသုံးပစ္စည်းများ နှင့် ထောက်ပံ့ငွေများကို
ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ပြည်နယ်ပြန်/ဆက်
No comments:
Post a Comment