မြန်အောင် စက်တင်ဘာ ၁၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့ နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူမှုဘဝစီးပွားဖွံ့ဖြိုးတိုးတက်ရန် အသက်မွေးဝမ်း ကြောင်း အထောက်အကူပြု တန်ဖိုးမြင့်စားသောက်ကုန်ထုတ် လုပ်နည်းပညာ သင်တန်းဆင်းပွဲအခမ်း အနားကို ယနေ့ နံနက် (၁၁)နာရီက မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင် သက်ရှည်နှင့် မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းတို့က အမှာစကားပြော ကြားကြပြီး သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်နှင့်သင်တန်း နည်းပြများအားဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်နည်းပညာ သင်တန်းတွင် ငှက်ပျောဆနွင်းမကင်း၊ ကောက်ညှင်း ဆနွင်းမကင်း၊ အာလူးဆနွင်းမကင်း၊ ကြက်ဥပူတင်း၊ Bubble Tea ၊ သစ်သီးဖျော်ရည်၊ သီးစုံရေခဲမုန့်၊ နို့ပေါင်မုန့်နှင့်ရေခဲထုတ်ပြုလုပ်နည်း၊ အသီးအရွက်စုံကော်ပြန့်ပြုလုပ်နည်းတို့ကို စက်တင်ဘာလ (၆) ရက်နေ့မှ (၁၅)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ ကြောင်းသိရှိရသည်။
အခမ်းအနားသို့ မြန်အောင်မြို့ နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သား /သူ(၃၀)ဦးတက်ရောက်ခဲ့ကြသည်။
ဝင်းဗိုလ်



No comments:
Post a Comment