Wednesday, September 8, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှတင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

 









နေပြည်တော် စက်တင်ဘာ ၈

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေး အတွက် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ဆောင်ရွက်ပေးလျက်ရှိရာ ၈-၉-၂၀၂၁ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ မြဝတီနှင့် တာချီလိတ်ကုန်သွယ်ရေးစခန်း (၅) ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၁၅) ခုမှ ယာဉ်စီးရေ (၂၈) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၂)စီး ဖြင့်(၄၁)တန်၊ Oxygen Storage Container/ Tank (၂)ခု ၊ အောက်ဆီဂျင် (အိုးခွံ) (၃၅၀၆) ခု၊ Oxygen Plant (၁)ခု၊ Oxygen Generator (၁) ခု၊ အိမ်သုံး Oxygen Concentrator (၁၆၀၈) ခု၊ Test Kit အခု (၇၅၀၀) ၊ PPE ဝတ်စုံ (၃၁၆၀၀)  နှင့် နှာခေါင်းစည်း (Mask) (၃၃) တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၂)စီးမှာ ရန်ကုန်မြို့ နှင့်မုံရွာ မြို့သို့(၁)စီးစီဖြစ်ပြီး Oxygen Plant(၁)ခုမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်းသိရှိရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများတင်သွင်းရာတွင် လွယ်ကူမြန်ဆန် နိုင်ရေး အတွက်သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါက လည်းသက် ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက်ဆက်သွယ် မေးမြန်း နိုင်သည့်တာဝန်ခံ (Contact Person) များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ပါကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments:

Post a Comment