ပူတာအို စက်တင်ဘာ ၁၅
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်လာစေရေးအတွက် ပုလဲဓါတ် မြေဩဇာနှင့် နွားချေးသဘာ၀မြေဆွေးရောစပ်၍ အကျိုးရှိစွာသုံးစွဲရေး၊ ရွက်ဖျန်းမြေဩဇာသုံးစွဲရေး ပညာပေး ကွင်းသရုပ်ပြပွဲနှင့် မန်ဂျန်ရှားကြီးမြန်သစ်ပင်စုပေါင်းစိုက်ပျိုးခြင်းကို ယနေ့ နံနက်(၈)နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ရှိ မတ်ပန်ကွင်း မျိုးသန့်မျိုးစေ့ထုတ်စံပြကွက (၁၀)ဧက၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးက ကိုဗစ်-၁၉ရောဂါကပ်ဘေးနှင့် အခြား ဖြစ်စဉ်များကြောင့် စိုက်ပျိုးရေးသွင်းအားစုများ ဈေးနှုန်းကြီးမြင့်၍ ၀ယ်ယူရန်ခက်ခဲခြင်းများကြောင့် မြေဩဇာ သုံးစွဲနိုင်မှုလျော့ကျလာနိုင်ကြောင်း၊ သို့ဖြစ်၍ ရရှိနိုင်မည့်မြေဩဇာကို အကျိုးရှိစွာသုံးစွဲ နိုင်ရေးအတွက် ပုလဲမြေဩဇာနှင့်မြေဆွေးကို(၁:၃)ရော စပ်၍ထည့်သွင်းခြင်း၊ ပုလဲမြေဩဇာကို ရေဖျော်၍ရွက်ဖျန်းမြေ ဩဇာအဖြစ် ပက်ဖျန်းခြင်းနှင့် အသင့်သုံးရွက်ဖျန်းမြေဩဇာများအသုံးပြု၍ ပက်ဖျန်းခြင်းတို့အား ပြုလုပ်ဆောင် ရွက်ခြင်းအားဖြင့် ဓါတ်မြေဩဇာကုန်ကျစရိတ်လျော့ချခြင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်လာခြင်းဖြင့် မိုးစပါးစိုက်တောင်သူ များဒေသ၀မ်းစာဖူလုံစေရေးနှင့် မိသားစုအပို၀င်ငွေရရှိလာနိုင်စေရန်အတွက် ကွင်းသရုပ် ပြပွဲအားကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက မြေဩဇာရောစပ်ခြင်းများနှင့် မြေဩဇာကြဲပက်ခြင်းများလက်တွေ့ကွင်းသရုပ်ပြခြင်းများအားကြည့်ရှုအား ပေးခဲ့ ကြသည်။
ပူတာအိုခရိုင်တွင် မိုးစပါး(၃၆၈၈၀) ဧကနှင့်မိုးသီးနှံအနေဖြင့် ဖူးစားပြောင်း(၂၄၂၄)ဧက၊ အစေ့ထုတ် ပြောင်း (၅၁၅) ဧက၊ မိုးပဲပုပ်(၃၉၆)ဧက၊မိုးမြေပဲ(၁၀၄) ဧကစိုက်ပျိုးပြီးစီးခဲ့ပြီး အများဆုံးစိုက်ပျိုးသည့် စပါးအမျိုးအစား မှာ အထွက်နှုန်းတိုး ဆင်းဧကရီ-၃၊ မှော်ဘီ-၂၊ ပုလဲသွယ်မျိုးစပါးများနှင့် ဒေသမျိုး စပါးများဖြစ်သည့်ခေါ်လုံး၊ အမ်ဟင်မျိုးစပါးများစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့၀င်များ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၀န်ထမ်းများ၊ တောင်သူများက မျိုးသန့်မျိုးစေ့ထုတ် စံပြစိုက်ကွက်(၁၀) ဧက၏ ကုန်ထုတ်လမ်းဘေးဝဲယာတွင် မန်ဂျန်ရှားကြီးမြန်သစ်ပင် အပင်(၁၀၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment