Friday, September 10, 2021

ဖြူးမြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက် လျက်ရှိရာ(၈၀)ရာခိုင်နှုန်းကျော်ပြီးစီးပြီးစက်ပစ္စည်း များရောက်ရှိ

 


 



ဖြူး    စက်တင်ဘာ  ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် နိုင်ရေးတွင် ရောဂါပိုးတွေ့ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများခံယူနေသူများ အောက်ဆီဂျင်လိုအပ် ချက်များအတွက်နှင့် ကျန်သည့်ကျန်းမာရေးစောင့်ရှောက်မှုများအတွက် လိုအပ်မှုများကို အဆင်ပြေ စေရေးအတွက် ရည်ရွယ်ကာ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့မိမြို့ဖများ၊ ပရဟိတအဖွဲ့များက ဦးဆောင်ကာ အလှူရှင်များ၏ စုပေါင်းအလှူငွေများဖြင့် အောက်ဆီဂျင်စက်ရုံကို ဖြူးမြို့ကုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံဝင်းအတွင်း မြေနေရာလွတ်တွင် တည်ဆောက်လျက်ရှိရာ (၈၀)ရာခိုင် နှုန်းကျော်ပြီး စီးပြီး စက်ပစ္စည်းများ ယနေ့ နံနက်ပိုင်းက ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရာမှာ အလျားပေ(၅၀)၊ အနံ(၂၈)ပေ အကျယ်ရှိကာ အမြန်ဆုံးအကောင်အထည်ဖော်အသုံးပြုနိုင်ရေး (၈၀)ရာခိုင်နှုန်းကျော်ပြီးစီးနေပြီး စက်ပစ္စည်းများ လည်းရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် ဇူလိုင်လက အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီဖွဲ့ကာ အကောင်အထည်ဖော်တည်ဆောက်ခဲ့တာဖြစ်ပြီး အောက်ဆီဂျင် (ကွန်တင်နာ) စက်ကြီးနှင့် ဆက်စပ်ပစ္စည်းတွေအတွက် အခြေခံကုန်ကျမှုအတွက် အလှူရှင်များဆီမှ  သိန်း(၁၆၀၀)ကျော်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်းသိရသည်။ အောက်ဆီဂျင်စက် လည်ပတ်နိုင်ပါက  လီတာ(၄၀)အောက်ဆီဂျင်အိုး တစ်ရက်ကို(၂၀၀)နီးပါး ထုတ်လုပ်နိုင်မှာဖြစ် ကြောင်းအောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးကော်မတီမှ  သိရသည်။

နေမျိုးလွင်

No comments:

Post a Comment