ချောင်းဆုံ စက်တင်ဘာ ၁၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဆေးရုံဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါစက်ရုံနေရာ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်၊၊
ရှေးဦးစွာ
ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနှုန်း လျော့နည်း ကျဆင်းလာပြီးဖြစ်ကာ
ဆက်လက်၍ တက်ညီ၊ လက်ညီ ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ် ကြောင်း၊ အချိန်တိုအတွင်း စက်ရုံတည်ဆောက်နိုင်မှုတွင်
ဆရာတော်၊ သံဃာတော်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပြည်သူများ
ပူးပေါင်း ဆောင်ရွက်မှုတို့ကြောင့် အောင်မြင်စွာ ဖွင့်လှစ်နိုင်ပြီးဖြစ်ကြောင်း
ပြောကြားသည်၊၊
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောက်ဆီဂျင်စက်ရုံကို
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မတည်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီးနောက် စက်ရုံ အတွင်း အောက်ဆီဂျင်ထုတ်လုပ်နေမှုကို
လှည့်လည်ကြည့်ရှု စစ်ဆေးသည်၊၊
ထို့နောက် ချောင်းဆုံမြို့နယ်
အောက်ဆီဂျင်စက်ရုံအတွက် ၄၀ လီတာ အောက်ဆီဂျင်အိုး ၁၀ လုံး နှင့် ဆက်စပ်ပစ္စည်းများ၊
ကျန်းမာရေး ဝန်ထမ်းများအတွက်
စားသောက်ဖွယ်ရာများကို တိုင်းမှူးက ပေးအပ်လှူဒါန်းရာ
မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ယင်းအောက်ဆီဂျင်စက်ရုံကို ဒေသခံရဟန်းရှင်လူ၊ ပြည်သူများနှင့် နယ်မြေခံတပ်မတော်သားများ
စုပေါင်းလှူဒါန်းငွေကျပ် သိန်းပေါင်း ၁၇၀၀ ကျော်ဖြင့် ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်
ဆောက်လုပ်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းများနှင့် ဒေသခံပြည်သူများ၏
အောက်ဆီဂျင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး
၁၀၀ ခန့် ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ကြောင်း
သိရသည်၊၊
မြို့နယ်(ပြန်/ဆက်)
၀၅၇၈၀၀၆၂
No comments:
Post a Comment