Wednesday, September 8, 2021

ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 



ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၈

လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်နှံ့နေမှု အခြေ အနေအရ ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေး ထိရောက်စွာကာကွယ် ထိန်းချုပ်နိုင်စေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား မြိ့နယ်အတွင်း၌ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနတို့မှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်အတွင်း၌ မော်တော်ယာဉ်ဖြင့်လှည့်လည်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်‌ရေး လိုက်နာဆောင်ရွက်နိုင် စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းအချိန်က လိုက်လံနှိုးဆော်ကြေ ညာပေးခဲ့ကြောင်း သိရသသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အဆိုပါဦးစီးဌာန(၂)ဌာနမှ  မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အသံချဲ့စက် ဖြင့် ရပ်ကွက်များအတွင်းနှင့် မြို့လယ်လမ်းဆုံနေရာများ ယာယီပျံကျဈေးသို့ သွားရောက်ပြီး ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ပြန်ကြားချက်များ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် ပြည်သူများအနေဖြင့် လိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအား ပြည်သူများအနေဖြင့် သိရှိလိုက်နာ နေထိုင်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်ကြေညာပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး

No comments:

Post a Comment