နေပြည်တော် စက်တင်ဘာ - ၉
သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး (7th Greater Mekong Subregion Summit) ကို ယနေ့နံနက်ပိုင်းတွင် Video Conference စနစ်ဖြင့်ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။
အစည်းအဝေးသို့ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ခေါင်းဆောင်များ ဖြစ်ကြသည့် ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ တို့မှ ဝန်ကြီးချုပ်များ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ သတ္တမအကြိမ်မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (7th GMS) ဖွင့်ပွဲအဖြစ် မဟာမဲခေါင်ဒေသခွဲ နိုင်ငံများ၏အောင်မြင်မှုများ ဗွီဒီယိုကိုပြသသည်။ ယင်းနောက် အိမ်ရှင် နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆန်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ နိုင်ငံ့အကြီးအကဲများနှင့် အာရှဖွံ့ဖြိုးရေး ဘဏ် ဥက္ကဋ္ဌတို့က မိန့်ခွန်းအသီးသီးပြောကြားကြသည်။
ဆက်လက်၍ အခမ်းအနားကို အစီအစဉ်အတိုင်းဆက်လက် ကျင်းပပြုလုပ်လျက်ရှိကြောင်းနှင့် သတင်း အပြည့်အစုံကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment