တန့်ယန်း သြဂုတ်
၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် သံသယရှိသူ မည်သူ့ကိုမဆို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိအား နှာခေါင်းတို့ဖတ် ရယူ၍ ယနေ့မှ စတင်၍ အမှတ်(၄)ရပ်ကွက်ရုံး၌ Test Kit ဖြင့် အခမဲ့ စစ်ဆေးဆောင်ရွက်ပေးနေပြီဖြစ်သည်။
တန့်ယန်းမြို့နယ်
ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာများနှင့် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ များအား နေ့စဉ်
စစ်ဆေးဆောင်ရွက်နေပြီး ယခုအခါ ပြည်သူများ ပိုမိုအဆင်ပြေစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ
သံသယရှိသူ မည်သူ့ကိုမဆို အခမဲ့အဖြစ် အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင်
မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံး၌ နံနက်
၉ နာရီမှ ၁၁ နာရီထိ ပုံမှန်စစ်ဆေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး
No comments:
Post a Comment