မဘိမ်း
ဩဂုတ် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား ထိုးနှံထားသူများကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုး နှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အဆောက်အဦ သစ်တွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ထိုးနှံရာ၌ မဘိမ်းမြို့ပေါ်ရပ်ကွက်
လေးရပ်ကွက်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ၊ အစိုးရ/ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊
Volunteer/ပရဟိတများ၊ ဘုန်းတော်ကြီး/ သီလရှင် ကျောင်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများ၊
ပုဂ္ဂလိကဘဏ်ဝန် ထမ်းများ၊ ဘာသာရေး ကျောင်းများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊
အချုပ်သားများ၊ ဟိုတယ် / မိုတယ်/ တည်းခိုခန်းများ၊ ဈေးသည်များနှင့် စေတနာ့ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်သူများကို
Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယ
အကြိမ်အဖြစ် ဆက်လက် ထိုးနှံပေးခြင်း ဖြစ်ကြောင်းနှင့် ဆေးထိုးရန်ကျန်ရှိသည့် ကျေးရွာများမှ
အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ
နှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကိုလည်း သတ်မှတ်စုရပ်များတွင် ဆက်လက်ထိုးနှံပေး
သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှဝန်ထမ်းများ၊
မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်
စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင် ကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

No comments:
Post a Comment