Monday, August 30, 2021

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင် ဌာနဆိုင်ရာဝန်ထမ်းများ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးနေမှုအား သွားရောက်ကြည့်ရှု


မော်လမြိုင်   ဩဂုတ်   ၃၀

မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများသည် ယမန်နေ့နံနက်၁၁နာရီက မော်လမြိုင်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများအားကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Antigen  Diagnostic Test Kit ဖြင့်စစ်ဆေးပေးခြင်းကို သွားရောက်ကြည့်ရှုခဲ့သည်။

ယင်းသို့စစ်ဆေးဆောင်ရွက်ခြင်းသည်  ကိုဗစ်-၁၉ရောဂါ  ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းသွားခြင်းရှိ/မရှိ သိရှိနိုင်ရန်အတွက် ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊  ပရဟိတလူမှု  အဖွဲ့အစည်းများပူးပေါင်း၍  ဌာနဆိုင်ရာဝန်ထမ်းများ အား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Antigen Diagnostic Test  Kitဖြင့်  နှာခေါင်းတို့ပတ်  နမူနာရယူ ကာ စစ်ဆေးခြင်းကို ဩဂုတ်၂၉မှ စက်တင်ဘာ ၃ရက်နေ့အထိ  နေ့စဉ် နံနက်၉နာရီမှ  ညနေ၄နာရီ ထိဆောင်ရွက်ပေးမည် ဖြစ်သည်။

အဆိုပါ Rapid Antigen  Diagnostic Test  Kitဖြင့် စစ်ဆေးတွေ့ရှိပါက ရောဂါဆက်လက် ကုသ နိုင်ရေးအတွက်  သတ်မှတ်နေရာ  Isolation    Wardများသို့   ပို့ဆောင်ကုသပေးမည်ဖြစ်ပြီး အလား တူ မွန်ပြည်နယ်အတွင်း ​မော်လမြိုင်မြို့နယ် အပါအဝင် Stay at Home သတ်မှတ်ထားသည့် မြို့နယ် ၃ မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား စစ်​ဆေး​ဆောင်ရွက်ပေးလျက်ရှိ​ကြောင်း သိရ သည်။

No comments:

Post a Comment