Tuesday, August 17, 2021

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင် Quarantine Centre တွင် ရွေ့လျား ကွန်ပျူတာသုံး ဓာတ်မှန်စက် ပြင်ဆင်ထားမှုကြည့်ရှုစစ်ဆေး

 မော်လမြိုင် ဩဂုတ် ၁၇

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၉ နာရီက မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင် Quarantine Centre ရှိ ဘားအံဆောင်တွင် ကိုဗစ်-၁၉ လူနာများအား ရောဂါအဆင့် သတ်မှတ်ရာ၌ မရှိမဖြစ်လိုအပ်သည့်   ရွေ့လျားကွန်ပျူတာသုံး ဓာတ်မှန်စက် ပြင်ဆင်ဆောင်ရွက်ထား ရှိမှုအား ကြည့်ရှုစစ်ဆေးပြီး   ၄င်းဓာတ်မှန်စက်ဖြင့်    ပိုးတွေ့လူနာများကို  အချိန်တိုအတွင်း ရောဂါအဆင့် သတ်မှတ်နိုင်မည်ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထူး ထိရောက်မှုရှိစေမှာဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း ကြပ်မတ်ဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။ 

အဆိုပါ   ရွေ့လျားကွန်ပျူတာသုံး   ဓာတ်မှန်စက်သည်  ကိုဗစ်-၁၉ အတည်ပြုလူနာများကို ကွန်ပျူတာ ဓာတ်မှန်စက်ဖြင့်   ရိုက်ကူး၍ လူနာ၏ အချက်အလက်များကို သက်ဆိုင်ရာ သမားတော်၊ ဆရာဝန်များထံသို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်မည်ဖြစ်၍ ရောဂါအဆင့်ကို အလွယ်တကူ သတ်မှတ်နိုင်ပြီး ကုသမှုကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  Quarantine Centre များအတွက် PPE ဝတ်စုံ ၅၀၊ Surgical Gown ၅၀၊ Flow Meter ၅ ခု အပါအဝင် Mask ၊ Oxygen Concentrator နှင့် Oxygen အိုးများကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းသည်။ ထို့အတူ မော်လမြိုင်တက္ကသိုလ်(၁၀)မြို့နယ်ဆောင်  Quarantine Centre တွင်လည်း  ပြည်ပနိုင်ငံများမှ နေရပ်ပြန်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment