Saturday, August 21, 2021

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ ပညာရေးကောလိပ်ရှိ Positive လူနာဆောင်အား သွားရောက်ကြည့်ရှု

 




တောင်ကြီး           သြဂုတ်   ၂၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှုးချုပ် နီလင်းအောင် ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် သြဂုတ်  (၂၁) ရက် နံနက် (၁၀) နာရီက တောင်ကြီးမြို့ ပညာရေးကောလိပ်ကျောင်းတွင် ဖွင့်လှစ်ထားသော Positive လူနာဆောင်အား သွားရောက်ကြည့်ရှု စစ်ဆေးကြကြောင်းသိရသည်။

အဆိုပါ ပညာရေးကော်လိပ်ကျောင်းတွင် Positive လူနာ ကျား (၉၃) ဦး ၊ မ (၇၅) ဦး စုစုပေါင်း (၁၆၈) ဦးသည် တောင်ကြီးမြို့ပေါ်ရပ်ကွက်ရှိ ဒေသခံပြည်သူများဖြစ်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ  positive လူနာများအား နေ့စဉ် တစ်ရက် (၃) ကြိမ် အစားအသောက်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူတို့က ကြည့်ရှုစစ်ဆေးကြပြီး လူနာများကုသပေးရန် အတွက် ကျန်းမာရေးဌာနမှ သောက်သုံးရန် ဆေးဝါးများကိုလည်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး Positive လူနာထပ်တိုးလာပါက ထားရှိနိုင်ရန် ပညာရေးကောလိပ်ကျောင်း၌ တိုးချဲ့အဆောင်အား သွားရောက ်ကြည့်ရှု ခဲ့ကြပြီး ပညာရေးကောလိပ်ကျောင်းမှ ဝန်ထမ်းများအတွက်  Mask နှင့် PPE ဝတ်စုံများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံ  ကုသရေးဆေးရုံ တွင် လူနာ  (၅၅) ဦး ၊ အမျိုးသမီးနှင့် ကလေးဆေးရုံ ကုသရေး   စင်တာ တွင် လူနာ စုစုပေါင်း (၆) ဦး  ၊ Positive စင်တာများဖြစ်သည့် အမျိုးသမီးနှင့် ကလေးဆေးရုံတွင် လူနာ (၁၈) ဦး ၊ ကွန်ပျူတာ တက္ကသိုလ်တွင် လူနာ (၃၇) ဦး ၊ တောင်ကြီး တက္ကသိုလ်တွင် လူနာ (၂၁၇) ဦး ၊ ပညာရေးကောလိပ်တွင် (၁၆၈) ဦး ၊ အားကာသိပ္ပံ(အေးသာယာ)တွင် (၁၁၁) ဦး ၊ အ.ထ.က (စက်မှုဇုန်)တွင် လူနာ (၈၈) ဦး ၊   Positive လူနာ စုစုပေါင်း (၆၃၉) ဦး ရှိကြောင်းသိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

 

No comments:

Post a Comment