မကွေး သြဂုတ်
၃၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့ နံနက် ပိုင်းက မကွေး လေတပ်စခန်းဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီးကျော်ကျော်ဟန်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသူရ သွင်ကိုကို၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ ဥပဒေချုပ် ဦးဝင်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းရှိန်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များ၊ ခရိုင် မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်အတူ မကွေးမြို့နယ် ဘုရားပြိုကျေးရွာမှ တောင်သူ ဦးဘိုအောင်၏ နှမ်းစိုက်ဧက(၁၀၀) ရိတ်သိမ်းဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုအားပေး ကာ၊ နှမ်းရိတ်သိမ်း ဆောင်ရွက်နေသည့် ကျေးရွာသူ၊ ကျေးရွာသားများအား တွေဆုံ၍ အားပေး စကားပြောကာ ကိုဗစ်ရောဂါကာကွယ်ရေး နှာခေါင်းစီး Mask များ တပ်ဆင် ဝေငှပေးခဲ့သည်။
ယင်းနောက် ဒေသခံတောင်သများနှင့်တွေ့ဆုံပြီး
တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု အခြေ အနေနှင့် လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍
တင်ပြခဲ့မှုများအပေါ် လိုအပ်သည်များအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်
မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံ ကြီးသို့ ရောက်ရှိလာသည့် Oxygen Plant ချထားဆောင်ရွက်နေမှု
အခြေအနေအား သွားရောက် ကြည့်ရှုကာ အမြန်ဆုံးတပ်ဆင်လည်ပတ်နိုင်အောင်
ဆောင်ရွက်ကြရန် မှာကြားဆောင်ရွက် ခဲ့ပြီး၊ ဆေးရုံအုပ်ကြီး ရုံးခန်း၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍
သူနာပြုလိုအပ်ချက်အတွက် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ နောက်ဆုံနှစ် တက်ရောက်နေသည့်
သင်တန်းသား များအား ခေါ်ယူပြီး ဆေးရုံတွင် လက်တွေ့ဆင်းနိုင်ရေး ဆောင်ရွက်ရန်မှာကြား
ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးသို့
အသစ်ထပ်မံရောက်ရှိလာသည့် Oxygen Plant မှာ အောက်စီဂျင် ၄၀ လီတာအိုးကြီး အလုံး(၁၀၀)ထွက်ရှိမည့်
စက်အမျိုးအစားဖြစ်ပြီး၊ မကြာမီ ရက်ပိုင်းအတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးအတွက် အထောက်အပံ့
ရရှိနိုင်မည် ဖြစ် ကြောင်း သိရသည်။
မောင်ညီညာ(မကွေး)





No comments:
Post a Comment