Friday, August 20, 2021

ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းမှ(၁၄)သိန်းခန့်တန်ဖိုးရှိ Oxygen Concentrator (၁) လုံးနှင့် ရွှေအသုတ်အောက်ဆီဂျင် အလှူတော် အဖွဲ့ဥက္ကဋ္ဌ (ဦးဝင်းနိုင်ဦး)နှင့် မိသားစုမှ 40 liter အောက်ဆီဂျင်အိုး(၉)လုံးနှင့်Flow Meter (၄)ခုတို့အား လှူဒါန်း

 


ရေကြည်  ဩဂုတ်၂၀

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်း အောက်ဆီဂျင်အထူးလိုအပ်နေသော လူနာများ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းမှ(၁၄)သိန်းခန့်တန်ဖိုးရှိ Oxygen Concentrator (၁) လုံးနှင့် ရွှေအသုတ်အောက်ဆီဂျင်အလှူတော်အဖွဲ့ဥက္ကဋ္ဌ(ဦးဝင်းနိုင်ဦး)နှင့် မိသားစုမှ 40 liter အောက်ဆီဂျင်အိုး(၉)လုံးနှင့်Flow Meter (၄)ခုတို့အား မြို့နယ်ပြည်သူ့ဆေးရုံသို့ ယနေ့နံနက် (၁၀)နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာအေးအေးလင်းမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

 


အဆိုပါ သွားရောက်လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့ဝင်များနှင့် ထွေ/ အုပ် ဝန်ထမ်းများသည် မြို့နယ်ပြည်သူ့ဆေးရုံသို့စက်ပစ္စည်းများသွားရောက်လှူဒါန်းခဲ့ပြီး မြို့မရပ်ကွက် ပိတောက်ချောင်ပိုင်းတွင် တည်ဆောက်လျှက်ရှိသော အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးခဲ့ပြီးနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံခုံရုံး၊နေပြည်တော်အမြဲတန်းအတွင်းဝန် ဦးလှဌေးနှင့် ဒေါ်သင်းသင်းမိသားစုမှအလှူငွေ(၅)သိန်းကျပ်၊ မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးနှင့်ဒေါ်မော်မော်သန်း မိသားစုမှ အလှူငွေ(၅)သိန်းကျပ်၊ ဆည်မြောင်းဦးစီးဌာန၊ ရုံးချုပ်၊ နေပြည်တော်ညွှန်ကြားရေးမှူး ဦးသောင်း ထိုက်နှင့်ဒေါ်မြစန္ဒာမောင်မိသားစုမှအလှူငွေ(၅)သိန်းကျပ်၊ဆည်မြောင်းဦးစီးဌာန၊ ရန်ကုန်မြို့ဒု-ညွှန်ကြားရေးမှူး ဦးဝင်းဌေးနှင့် ဒေါ်လဲလဲဝင်း မိသားစုမှ အလှူငွေ(၅)သိန်းကျပ်၊ ရေကြည်မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းဝင်း မိသားစုမှ အလှူငွေ(၅)သိန်းကျပ်၊ စုစုပေါင်းအလှူငွေ (၂၅)သိန်းကျပ်တို့အား တာဝန်ရှိသူများထံသို့ပေးအပ်ပြီး နောက် Oxygen Plant ဖြစ်မြောက်ရေး နာယက ထန်းတောကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော်ထံတွင် ရေစက်သွန်းချအမျှဝေလှူဒါန်းခဲ့ကြောင်းသတင်း ရရှိပါသည်။

 

အောင်သူဟန်

No comments:

Post a Comment