Saturday, August 28, 2021

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး Mobile Market စနစ်ဖြင့် ဈေးရောင်းချမှုနှင့် ရန်ကုန်မြို့တွင်း သန့်ရှင်းသာယာလှပစေ ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 
ရန်ကုန် ဩဂုတ် ၂၈

 ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင် ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ထမ်းအိမ်ရာဝင်း၌ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ကြီးကြပ်မှုဖြင့် ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ အသား မျိုးစုံနှင့် ငါး/ပုဇွန်အမျိုးမျိုး တို့ကို ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

 



ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်ရုံးဝင်း၊ ပန်းဆိုးတန်းလမ်း (မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြား)၊ မဟာဗန္ဓုလ ပန်းခြံလမ်း (ယခင်ဘားလမ်း) တစ်လျှောက် (မဟာဗန္ဓုလလမ်းနှင့် ကုန်သည် လမ်းကြား) နှင့် ကုန်သည်လမ်း (ပန်းဆိုး တန်းလမ်းနှင့် မဟာဗန္ဓုလ ပန်းခြံးလမ်းကြား)တို့၌ စည်ပင်သာယာ ဝန်ထမ်းများက ရုံးဝင်းအတွင်း မြက်ပင်နှင့် သစ်ပင်ခြုံနွယ်များရှင်းလင်းနေမှု၊ ပန်းဆိုးတန်းလမ်းနှင့် ဗဟာဗန္ဓုလလမ်းတို့ရှိ ရေမြောင်းများအတွင်း အမှိုက်များ၊ သဲနုန်းများ ဆယ်ယူရှင်းလင်းနေမှုနှင့် တရားလွှတ်တော်ရုံးဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စံပြဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်း၌ လမ်းဘေး ဝဲ/ယာရှိ ရေမြောင်းအတွင်း အမှိုက်များ၊ မြောင်းချေးများနှင့် သဲမြေတို့အား ဖယ်ရှားရှင်းလင်း နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

(သတင်းစဉ်)

No comments:

Post a Comment