Wednesday, August 18, 2021

ကိုဗစ်-၁၉ ရောဂါကာလ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စစ်တွေမြို့နယ်၊ ကုန်တင်၊ ကုန်ချ အမြဲတမ်း အလုပ်သမားများအား ပေါ်ဆန်းမွှေးဆန်၊ ကြက်ဥနှင့် Mask များ ထောက်ပံ့

 

 


စစ်တွေ  ဩဂုတ် ၁၈

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စစ်တွေ မြို့နယ်ကုန်တင်၊ ကုန်ချကော်မတီးရုံးမှ မြို့နယ်အတွင်း ကုန်တင်၊ ကုန်ချဆောင်ရွက်နေကြသည့် မြဲတမ်း အလုပ်သမားများအား ပေါ်ဆန်းမွှေးဆန်၊ ကြက်ဥနှင့် Mask များထောက်ပံ့ခြင်းကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ကုန်တင်၊ ကုန်ချ ကော်မတီရုံး၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

 


ရှေးဦးစွာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်အခါ အလုပ်သမားများအနေဖြင့် အခက်အခဲရှိသည်ကို ဖြေရှင်းနိုင်ရန်အတွက် ယခုကဲ့သို့ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအပြင် တခြားသောသဘာဝဘေးအန္တယ်များကို ကြိုတင်ကာကွယ်နိုင်ရန်စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်လည်း ကူညီဆောင်ရွက်လျက်ရှိကြောင်းနှင့် အလုပ်သမားများအနေ ဖြင့်လည်း ကိုဗစ်ရောဂါ ကာလအတွင်း အလုပ်နားချိန်တွင် စိတ်လေလွှင့်မှုမရှိစေရန် ဗုဒ္ဓဘာသာဝင်များ ပီပီ တရားဘာဝနာများပွားများကာ ကပ်ရောဂါဘေးကို ကျော်လွှားနိုင်ကြပါစေကြောင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ကုန်တင်၊ ကုန်ချကော်မတီရုံး၊ ပြည်နယ်ဦးစီးမှူး ဦးဦးကျော်ဇောက ထောက်ပံ့ပစ္စည်းများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းရင်း သားရေးရာဝန်ကြီးနှင့် ပြည်နယ်ဦးစီးမှူးတို့က ဆန်၊ ကြက်ဥနှင့် Mask များကို အလုပ်သမား ခေါင်းဆောင်များနှင့် ကုန်တင်၊ ကုန်ချကော်မတီရုံးမှ ဝန်ထမ်းများအားပေးအပ်ကြသည်။

ထိုသို့ထောက်ပံ့ပေးရာတွင် စစ်တွေမြို့နယ်၊ ကုန်တင်ကုန်ချ ကော်မတီရုံးမှ အမြဲတမ်းကုန်တင်၊ ကုန်ချအလုပ်သမားနှင့် ဝန်ထမ်းများစုစုပေါင်း ၁၃၁ ဦးအား တစ်ဦးလျင် ပေါ်ဆန်းမွှေးဆန်နှစ်တောင်း (၁၂ပြည်)ဆံ့ တစ်အိတ်၊ ပါးစပ်နှင့်နှာခေါင်းစည်း mask ၁ ဘူးစီနှင့် ကြက်ဥ ၂၇၂ လုံးအား ထောက်ပံ့ ပေးခဲ့ကြောင်းသိရသည်။

တင်ထွန်း

No comments:

Post a Comment