Saturday, August 28, 2021

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ဌာနဆိုင်ရာများ စုပေါင်း၍ Home Garden စိုက်ပျိုး


ထန်ပါခွေ ဩဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ ဘုန်းတော်ကြီး ကျောင်းဝင်း၌ ယနေ့တွင် ဌာနဆိုင်ရာများ စုပေါင်းကာ Home Garden သီးပင်စားပင်များနှင့် နှစ်ရှည်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် ထန်ပါခွေမြို့‌ထေရဝါဒ ဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်း ဆရာတော် အရှင်ဇေယျာနန္ဒ ဦးဆောင်ကာ ရတခလရ(၂၂၉)စခန်းမှ အရာရှိ၊ စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက သီးပင်စားပင်များ ဖြစ်သည့် ချဉ်ပေါင်၊ နံနံ၊ မုန်ညှင်းဖြူ၊ မုန်ညှင်းစိမ်း၊ ဆလပ်နီ၊ ရုံးပတေ၊ ရွှေဖရုံ သခွားပင်များနှင့်  နှစ်ရှည်ပင်များဖြစ်သည့် မက်မန်း၊ ကော်ဖီ၊ မျောက်ငို၊ လိမ္မော်ပင်များအား စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဟန်ထွန်း 

No comments:

Post a Comment