ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ဘေးကင်းလုံခြုံသော ဝန်ဆောင်မှု လုပ်ငန်းများအဖြစ် အသိအမှတ်ပြုလက်မှတ်များ Online မှတစ်ဆင့် လျှောက်ထားအတည်ပြု ထုတ်ပေးနိုင်ရေးအတွက် “Enchanting Myanmar Health and Safety Protocol” Website မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က မြန်မာနိုင်ငံခရီးသွား ကဏ္ဍကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည့် ကိုဗစ်-၁၉
ကပ်ရောဂါ သက်ရောက်မှုများကို တုံ့ပြန်ဖြေရှင်း နိုင်ရန်အတွက် ဝန်ကြီးဌာနမှရေးဆွဲထားသော မြန်မာနိုင်ငံ ခရီးသွားကဏ္ဍပြန်လည် ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံ (Myanmar Tourism Strategic
Recovery Roadmap-MTSRR)၏ လတ်တလော ဦးစားပေး ဆောင်ရွက်ရမည့် အခန်းကဏ္ဍတွင် “မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံသော
ခရီးစဉ်ဒေသတစ်ခုအဖြစ် စိတ်ချယုံကြည်မှုများ ဖြစ်ပေါ်လာစေရန်နှင့် ကျန်းမာရေးနှင့်
ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို
တိုးမြှင့်ဆောင်ရွက်ရန်” သည် ပထမဦးစားပေးမဟာဗျူဟာ
တစ်ရပ်အနေဖြင့်ပါရှိကြောင်း၊
ထို့ကြောင့် ခရီးသွားလုပ်ငန်းဆိုင်ရာ
ဝန်ဆောင်မှုလုပ်ငန်းများအား COVID-19
Safe Service အသိအမှတ်ပြုတံဆိပ်များ စနစ်တကျ သတ်မှတ်ပေးအပ်နိုင်ရန်နှင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံသည့် ဝန်ဆောင်မှုလုပ်ငန်းများ
ဆောင်ရွက်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းပုံရိပ်ကို မြှင့်တင်ပေးရန်အတွက် “Enchanting Myanmar Health and
Safety Protocol” အစီအစဉ်အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံချက်ကို
ပြုစုရေးဆွဲခဲ့ပါ ကြောင်း။
ယခုအခါ ယင်းအစီအစဉ်ပါ အဆင့်(၃)ဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့်
အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက်
အဓိကကျသော
အခန်းကဏ္ဍတစ်ရပ်ဖြစ်သည့် “Enchanting Myanmar Health and
Safety Protocol” Website တည်ဆောက်ခဲ့ပြီး
ဖြစ်ကြောင်း၊ ထို့ကြောင့် ခရီးသွားကဏ္ဍများတွင် လက်တွေ့ပါဝင်လုပ်ကိုင်
ဆောင်ရွက်နေကြ သူများအားလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရေးအတွက် ယနေ့ Website မိတ်ဆက် ရှင်းလင်းခြင်း အခမ်း အနားကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဒေသအသီးသီးရှိ
ဟိုတယ်နှင့်ခရီးသွား ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေကြသူများအား ဝန်ကြီးဌာနမှ
ဆောင်ရွက်နေသည့်
ကျန်းမာရေးနှင့်
ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းများကို မိမိတို့ ဝန်ထမ်းများအားလုံး ပါဝင်တက်ရောက်နိုင်ရေး
စည်းရုံးဆောင်ရွက်ကြရန်လိုကြောင်း၊ Website အကြောင်း ကျယ်ကျယ်ပြန့်ပြန့်
သိရှိနားလည်ရန်နှင့် Website
တွင် ပါဝင် မှတ်ပုံတင်နိုင်ရေး အတွက် ကူညီဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က “Enchanting
Myanmar Health and Safety Protocol” အစီ အစဉ်နှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု
အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား အသေးစိတ်ဆွေးနွေး တင်ပြခဲ့ကာ
Secure
Link Co.,Ltd ၏ Managing Director ဦးထွန်းထွန်းဝင်းက “Enchanting Myanmar Health and Safety
Protocol” Website အကြောင်း မိတ်ဆက်ရှင်းလင်း
တင်ပြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြာကာ လိုအပ်သည်များကို
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment