Thursday, August 12, 2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍သတင်းထုတ်ပြန်ခြင်း (၁၂-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

  


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် - 

တတ်နိုင်သမျှအိမ်တွင်း၌သာနေထိုင်ခြင်း၊

နေအိမ်ပြင်ပသို့သွားရောက်ရန်ရှိပါကပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကိုမဖြစ်မနေစနစ်တကျတပ်ဆင်ခြင်း၊ လက်ကိုမကြာခဏဆေးကြောခြင်း၊

တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ခြင်း၊ 

မိမိတို့ နေအိမ်တွင် အသက် (၆၅)နှစ် နှင့်အထက်  အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊နှလုံးစသည့် နာတာရှည်ရောဂါတစ်ခုခုခံစားနေ ရသူရှိပါကထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားစေခြင်း၊

COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းတို့ကိုအထူးဂရုပြု ပူးပေါင်းဆောင်ရွက် ကြပါရန်လိုအပ်ပါသည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့် သတ် ထားရှိသူများအား COVID-19 ရောဂါရှိမရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၁၁-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၂-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်းဓာတ်ခွဲနမူနာ စုစုပေါင်း(၁၂,၈၀၁)ခုအားစစ်ဆေးပြီးစီးခဲ့ရာCOVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၃,၄၃၀)ဦး တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း(၃,၃၁၀,၈၀၅)ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း (၃၄၄,၇၃၀) ဦး ရှိပြီဖြစ်ပါသည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၃,၃၅၄) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၂၆၀,၀၂၅)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၂၁၅) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၂,၆၆၇) ဦး ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် “ရုံးလုပ်ငန်းဌာနများတွင် COVID-19 ရောဂါကာကွယ်ရန်အ တွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်” နှင့် “တစ်ဦးကိုတစ်ဦး အသိပေးခြင်း/ သတိပေးခြင်း မိသားစု စီမံချက်” အတိုင်း COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်း တို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင် ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။

COVID-19 ရောဂါဆိုင်ရာ သတင်း အချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်အင်တာနက် စာမျက်နှာ www.mohs.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

No comments:

Post a Comment