ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယမန်နေ့နေ့လယ် ၁၂နာရီက ဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး အာကာဖြိုးနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုးနှင့် ဌာနဆိုင်ရာများက ကြိုဆိုခဲ့ကြသည်။
ဝန်ကြီးချုပ်သည်မြို့နယ်ပြည်သူ့ဆေးရုံ၌ကိုဗစ်-၁၉ရောရာပိုးတေါ့လူနာများအား ဆေးကုသမှုဆောင်ရွက်နေမှု အခြေအနေအား CCTVမှ ကြည့်ရှုခဲ့ပြီး၊ လက်သန့်ဆေးရည်(၁)ဖာ၊ အသင့်သောက်မြန်မာ့ရိုးရာ လက်ဖက်ရည်ထုတ် အထုတ်ကြီး(၁၇)ထုတ်နှင့် ငွေကျပ် (၅)သိန်းအား ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာဇော်နိုင်ဦးက လက်ခံယူခဲ့သည်။
ဆက်လက်၍ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ဇီးကုန်း-ကံညီကို-လယ်တွင်းလမ်း ကွန်ကရစ်လမ်းခင်းကျင်းမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

No comments:
Post a Comment