ပေါင်းတည်
သြဂုတ် ၁၇
ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး၌ ၂၀၂၁/၂၀၂၂ ခုနှစ် MiniBudget အတွက် ပေါင်းတည်မြို့နယ် စည်ပင်သာယာရေး အဖွဲ့၏ (ပထမ)အကြိမ် အရပ်ရပ်အခွင့်အရေး လိုင်စင်ရောင်းချပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လိုင်စင်ရောင်းချပွဲသို့
မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအေးကျော်၊ အမှုဆောင်အရာရှိ ဦးကျော်စွာလင်း၊
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ စည်ပင်ဝန်ထမ်းများ၊ လိုင်စင်လျှောက်ထားသူများ
တက်ရောက်ခဲ့သည်။
ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ (၂၀၂၁/၂၀၂၂)ခုနှစ် MiniBudget အတွက် အရပ်ရပ် အခွင့်အရေးဆိုင်ရာ လိုင်စင်(၄၄)ခုတွင် မြို့နယ်ဝင်ကြေးဘီးကောက်မပါ (၄၃)ခုအား သက်တမ်းတိုး စနစ်၊ အညီအမျှခွဲဝေချထားစနစ်၊ စျေးပြိုင်စနစ်ဖြင့် ယမန်နေ့ (၁၆.၈.၂၀၂၁) ရက်နေ့တွင် (ပထမ) အကြိမ် ရောင်းချခဲ့ရာ လိုင်စင်(၃၀)ခုအတွက် လိုင်စင်ရောင်းရငွေ (၄၁၉၉၁၀၀ဝိ/-) ကျပ်လေးရာ တစ်ဆယ့်ကိုးသိန်းတစ်ထောင်တိတိရရှိပြီး ကြမ်းခင်းစျေးအပေါ် (၂၆၀၀၀ဝိ/-)ပိုမိုရရှိ၍ ရောင်းရန် ကျန်လိုင်စင်(၁၃)ခုရှိကြောင်းနှင့် ဒုတိယအကြိမ်အား (၂၃.၈.၂၀၂၁)ရက်နေ့တွင် ဆက်လက် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်နှင်းသုန်

No comments:
Post a Comment