နေပြည်တော် ဩဂုတ် ၁၁
နိုင်ငံသားတစ်ဦး၏ တရားဝင်ရပ်တည်ပိုင်ဆိုင်နိုင်ခွင့်နှင့် နောင်လာမည့်ရွေးကောက်ပွဲတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် နိုင်ငံအတွက် အလွန်အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး အချိန်ကာလကန့်သတ်ချက်ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ယနေ့ နံနက် ၁ဝ နာရီက ပြုလုပ်သည့် ပန်းခင်းစီမံချက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယင်းလုပ်ငန်းစဉ်အတွက် ပန်းခင်းစီမံချက်ရေးဆွဲကာ
၂၀၂၁ ခုနှစ်၊ မေလမှ စတင်ဆောင်ရွက်နေပြီ ဖြစ်သော်လည်း ကိုဗစ်-၁၉ ကန့်သတ်ချက်များ အပါအဝင်
အခြားကန့်သတ်ချက်များကြောင့် လုပ်ငန်းနှောင့်နှေးမှုများ ရှိနေပါကြောင်း၊
ကန့်သတ်ချက်များ မည်သို့ပင်ရှိစေကာမူ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ရမည့် လုပ်ငန်း
ပမာဏကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်အောင် တွန်းအားပေးဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊
ယခုပန်းခင်းစီမံချက်သည် မိမိတို့ဌာန ကတာဝန်ယူဆောင်ရွက် နေသော်လည်း
နိုင်ငံတော်စီမံချက်ဖြစ်သည့်အတွက် ဌာနဆိုင်ရာများနှင့် မိတ်ဖက်အဖွဲ့အစည်း အားလုံးက
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊
ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ကို သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ အဖွဲ့အစည်း
များမှတာဝန်ရှိသူများကို ရှင်းလင်းချပြပြီး တပ်မတော်အပါအဝင်ဒေသတွင်း
အဖွဲ့အစည်းများ အတွင်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းပမာဏ၊ အရေအတွက်များပြုစု၍
ဆောင်ရွက်ပေးမည့် နည်းလမ်းများကို ကြိုတင် ချပြညှိနှိုင်းဆောင်ရွက်ထားကြရန်
လိုအပ်မည်ဖြစ်ပါကြောင်း။
ယင်းလုပ်ငန်းစဉ်သည် နိုင်ငံသား တစ်ဦးအတွက်
နိုင်ငံသားအခွင့်အရေး အပြည့်အဝခံစားရရှိ စေရေးအတွက် ဆောင်ရွက်ပေးသည့်
လုပ်ငန်းဖြစ်သည်ကို သိရှိနားလည်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ
မပြုလုပ်ရသေးသူများအနေဖြင့် နိုင်ငံသားကတ်၏ အသုံးဝင်ပုံ၊ မဖြစ်မနေ ပြုလုပ်ရမည့်
ကတ်ပြားဖြစ်မှု၊ မည်ကဲ့သို့ဆောင်ရွက် ရမည်တို့ကို သိရှိနားလည်ပြီး ကာယကံရှင်
များကိုယ်တိုင် မဖြစ်မနေပူးပေါင်း ဆောင်ရွက်လာကြမည် ဖြစ်ပါကြောင်း၊
ယခုဆောင်ရွက်သည့် ပန်းခင်းစီမံချက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ငန်းပမာဏ
သတ်မှတ်ချက်နှင့် ကာလကန့်သတ်ချက်အရ မဖြစ်မနေပြီးစီးအောင်ဆောင်ရွက်ကြရမည့်
စီမံချက်ဖြစ်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်အစိုးရအနေဖြင့်
အရေးပေါ်ကာလပြဋ္ဌာန်းချက်များ အရ နိုင်ငံတော်တာဝန်ကို
ထိန်းသိမ်းဆောင်ရွက်နေချိန်တွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက် ပွဲကျင်းပရာ၌
အဓိကကျသည့် ဆောင်ရွက်ချက်ဖြစ်သည့် မဲဆန္ဒရှင်အားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား
ရရှိကိုင်ဆောင်မဲပေးနိုင်ကြမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါအပါအဝင်
အခြားသောကန့်သတ်ချက် အမျိုးမျိုး၊ အဟန့်အတားအမျိုးမျိုးကို တတ်နိုင်သမျှ
နည်းလမ်းများရှာကြံကာ ကျော်လွှားဖြတ်သန်း၍ သတ်မှတ်ကာလအတွင်း
ပန်းခင်းစီမံချက်ပြီးစီး အောင်မြင်ရေးအတွက် အင်တိုက်အားတိုက်ကြိုးပမ်း
ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက
ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ တိုင်းဒေသကြီး/
ပြည်နယ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏနှင့် လုပ်ငန်းအစီ အစဉ်များ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်
ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းလိုအပ်ချက် များကို
ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဌေးလှိုင်က တင်ပြချက်များအပေါ်
ပြန်လည်သုံးသပ်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ
ဖြည့်ဆည်းဆောင်ရွက်ပေးကာ ပန်းခင်း စီမံချက်သည် အနာဂတ်နိုင်ငံတော်အတွက် အရေးပါပြီး
မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံတော်စီမံချက်ဖြစ်သည်နှင့်အညီ
မိမိတို့ဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအားလုံးက
တက်ညီလက်ညီဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး
နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment