တနိုင်း ဩဂုတ် ၂၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ဩဂုတ်လ တတိယအပတ်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုခဲ့သဖြင့် လူနေအိမ်များအတွင်း ရေများဝင်ရောက်မှုကြောင့် ရေဘေးသင့် အိမ်ထောင်စုအား ယမန်နေ့ ညနေ(၃)ခွဲအချိန်မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုး၊ အတွင်းရေးမှူး ရဲမှူးလှမြင့်၊ အဖွဲ့ဝင်များ ဗိုလ်မှူးတေဇာအောင်၊ ရပ်မိရပ်ဖ ဦးဇော်လွမ်းတူးနှင့် ဌာဆိုင်ရာအကြီးအကဲများ၊ တနိုင်းမြို့နယ်မြေခံတပ်ရင်းမှ ဗိုလ်မှူးကျော်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆင်မ်ဆာ့ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပုန်ခုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ ပူးပေါင်း၍ စက်လှေ(၄)စီးဖြင့် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ပုန်ခုန်းရပ်ကွက်၊ ပီနန်ခအပိုင်း၊ ဆင်မ်ဆာ့ရပ်ကွက် ရခိုင်ကုန်းနှင့် ကျွဲကူးကုန်းရပ်ကွက်တို့တွင် ရေဝင်ရောက်သည့် ရေဘေးသင့် အိမ်ထောင်စု(၅၃)စု၊ လူဦးရေ(၂၅၆)ဦးအား ထမင်းဗူး(၂၅၀)၊ ရေသန့်ဗူး(၅၀၀)နှင့် နယ်မြေခံတပ်မှ ယံယံခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တနိုင်းချောင်းရေ အခြေအနေမှာ ယနေ့ညနေပိုင်းတွင် (၂၀.၂)ပေရှိပြီး စိုးရိမ်ရေအမှတ်မှာ (၂၁)ပေဖြစ်ကြောင်း သိရသည်။
ဝါဝါ

No comments:
Post a Comment