နေပြည်တော်၊ ဩဂုတ်- ၁၉
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
ယင်းသို့ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုများ ကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြု ပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ
နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ
အမျိုးသား ၂၂၁ ဦးနှင့် အမျိုးသမီး ၁၄၂ ဦး စုစုပေါင်း ၃၆၃ ဦးအား လည်းကောင်း၊
ဉတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၉
ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၁ ဦးတို့အားလည်းကောင်း၊ ရန်ကုန်တိုင်း
ဒေသကြီး၊ လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု
ပိုးတွေ့လူနာ အမျိုးသား ၁၃၀ ဦးနှင့် အမျိုးသမီး ၁၁၉ ဦး စုစုပေါင်း ၂၄၉ ဦး
အားလည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့
လူနာအမျိုးသား ၄၃ ဦး နှင့် အမျိုးသမီး ၂၅ ဦး၊ စုစုပေါင်း ၆၈ ဦးအား
လည်းကောင်း အသီးသီး လက်ခံထားရှိကြောင်း သိရှိရသည်။
အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏
နေထိုင်စားသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊
ပြည်ပနိုင်ငံ များမှ ပြန်လည်ဝင်ရောက်လာသူများကိုထားရှိရန် ပြင်ဆင်နေသည့်
မင်္ဂလာဒုံမြို့ နယ်၊ အခြေခံပညာဦးစီးဌာနရှိ
ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် အဆောင် (၄)ဆောင်ရှိ
ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ အောက်ဆီဂျင်လိုအပ်မည့်သူများ အတွက်
အောက်ဆီဂျင်ပိုက်လိုင်းသွယ်တန်းတပ်ဆင်ထားရှိမှုနှင့် လူဦးရေ ၃၀၀ ဦး
ထားရှိမည့် အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊
ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်
တာဝန်ရှိ သူများက ယနေ့တွင် သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ
ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
No comments:
Post a Comment