Saturday, August 21, 2021

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပုသိမ်ကြီးမြို့နယ်၌ သတင်းသုံးတော်မူကြသော ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန် တို့အား လှူဒါန်း





 

ပုသိမ်ကြီး ဩဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ဝါတွင်းသီတင်းသုံးတော် မူကြသော ဆရာတော်သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန် တို့အား လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကင်းတောင်ခြေရှိ သီရိမင်္ဂလာ သရက်တော ကျောင်းတိုက်၌ ကျင်းပခဲ့သည်။

အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ နာယကအဖွဲ့ဥက္ကဌ ဘဒ္ဒန္တဃောသိတထံမှ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီးဦးယဉ်ထွေးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ငါးပါးသီလခံယူဆောက် တည်ကြသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး က လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ဆရာတော် သံဃာတော်များအား လျောက်ထားကာ သင်္ကန်း ပရိက္ခရာအစုံနှင့် လှူဖွယ်၀တ္ထုများ ဆက်ကပ်လှူဒါန်း ခဲ့ပြီးနောက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ ဒေါက်တာလှကြွယ် က ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်တို့အား လှူဒါန်းပေးအပ်ခဲ့ သည်။ လှူဒါန်းရာတွင် မြို့နယ်ရှိရဟန်း/သာမဏေ၊ သီလရှင် စုစုပေါင်း ၁၅၂၄ ပါး အတွက် ဆွမ်းဆန်တော် (၃၈၁) အိတ်၊ ဆီ (၇၆၂) ပိဿာ၊ ပဲ (၇၆၂) ပိဿာ၊ ကြက်သွန် (၇၆၂) ပိဿာ စုစုပေါင်းတန်ဖိုး သိန်း(၁၄၅၀၀၈၆၀) (ကျပ်သိန်းတစ်ရာ့လေးဆယ့်ငါးသိန်း ရှစ်ရာခြောက်ဆယ် တိတိ) ကို လှူဒါန်းခဲ့သည်။

ဆက်လက်၍ မြို့နယ်သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တဉတ္တမထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။ 

ဇာနည်ကိုကို

No comments:

Post a Comment