ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener သည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်စပ်လျဉ်း၍ သတင်းစာ ရှင်းလင်း ပွဲတစ်ရပ်ကို ၁၀-၈-၂၀၂၁ ရက်တွင် နယူးယောက် စံတော်ချိန် ၁၀ ၀၀ နာရီ တွင် ဗီဒီယိုကွန်ဖရင့်ဖြင့်ပြုလုပ်ခဲ့မှုအပေါ် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်သည်။
သတင်းစာရှင်းလင်းမှု၌
သူမအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသော မှားယွင်းသည့် သတင်းအချက် အလက်များအပေါ် အခြေခံကာ
တစ်ဖက်သတ်စွပ်စွဲ ပြောကြားထားသည်။ ရှင်းလင်းပြောကြား ရာတွင် အကြမ်းဖက်အဖွဲ့များ၏ အဖျက်အမှောင့်
လုပ်ရပ်များကြားမှ အစိုးရ၏ ဒီမိုကရေစီကူးပြောင်းရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့်
သက်ဆိုင်ရာ မြန်မာ အာဏာပိုင်များမှ ပုံမှန်ထုတ်ပြန်အသိပေးနေသည့် သတင်းအချက်အလက်များကို
လျစ်လျူရှုခဲ့ သည်။ ထို့ပြင် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဖွဲ့စည်းစေလို ကြောင်းဖြင့် အဆိုပြုမှုများသည်
မြန်မာနိုင်ငံအပေါ် မလိုလားအပ်သော နိုင်ငံရေးဖိအားပေးသည့် သဘောသက်ရောက် လျက်ရှိ သည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘော တူညီချက်(၅) ချက်အား အကောင်အထည် ဖော်ဆောင်ရွက်လိုကြောင်း
ပြသသည့်အနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်ခန့်အပ်မှု အားလက်ခံခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အားခန့်အပ်သည့်အဆိုအား
လက်မခံ ပယ်ချခဲ့သော်လည်း ကုလသမဂ္ဂနှင့်အပြုသဘော ပူးပေါင်းဆောင်ရွက်မှုကိုပြသသည့်အနေဖြင့်
အထူးကိုယ်စားလှယ်နှင့် ၂၀၁၈ ခုနှစ်မှစတင်၍ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
နိုင်ငံတော် တာဝန်များကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် အိမ်စောင့်အစိုးရ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အိမ်စောင့်အစိုးရအနေဖြင့် တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရသည့်ပါတီသို့ နိုင်ငံတော်တာဝန်အား ပြန်လည် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း အပြည့်အဝ ကတိကဝတ်ပြုမှုကို သိသာထင်ရှားစွာ ထုတ်ဖော်ကြေညာထားပြီးဖြစ်သည်။
အိမ်စောင့်အစိုးရအနေဖြင့်
ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်း စဉ်များကို အရှိန်အဟုန်မြင့်
ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးနိုင်ရေး အစီအစဉ်အား နိုင်ငံတစ်ဝှမ်း
ထိုးနှံပေးနိုင်ရေးဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် တရားမဝင် အကြမ်းဖက်အဖွဲ့အစည်း များဖြစ်သည့်
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (Committee Representing Pyidaungsu
Hluttaw- CRPH)၊ အမျိုးသား ညီညွတ်ရေး အစိုးရ (National Unity Government- NUG) နှင့်
၎င်းတို့ကို ထောက်ခံသူများမှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသည့်နေရာများတွင် တိုက်ခိုက်မှုများရှိကြောင်း
ဝမ်းနည်းဖွယ် တွေ့ရှိရ သည်။ အထူးကိုယ်စားလှယ်အနေဖြင့် ပြောကြားရာတွင် အကြမ်းဖက်တိုက်ခိုက်မှု
နှင့်စပ်လျဉ်း ၍ ဖော်ပြထားခြင်းမရှိဘဲ နိုင်ငံ၏အခြေအနေကို ပြင်ပမှ ဝင်ရောက်စွက်ဖက်လိုသူများဘက်မှ
ချဲ့ကားပြောကြားခဲ့သည်ကို တွေ့ရှိရသည်။
သို့ပါ၍
အထူးကိုယ်စားလှယ်အနေဖြင့် သူမအား ပေးအပ်ထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အပြုသဘော၊
ဘက်လိုက်မှုမရှိ၊ ဓမ္မဓိဋ္ဌာန်ကျကျ ဆောင်ရွက်သွားရန် တိုက်တွန်းသည်။ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ၏ပြောကြားချက်များသည် ကုလသမဂ္ဂမှ ပြဋ္ဌာန်းထားသည့်
လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများအပါအဝင် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများကို
ချိုးဖောက်ရာ ရောက်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်။
ရက်စွဲ၊ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်
No comments:
Post a Comment