ဇမ္ဗူသီရိ ဩဂုတ် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်တို့ရှိ ဆေးဝါးနှင့် ဆေးပစ္စည်းများ သိုလှောင်ထားသည့် နေရာများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးလျက်ရှိပါသည်။
ထိုသို့စစ်ဆေးရာတွင် ဆေးသိုလှောင်ရုံများအတွင်း ဆေးဝါးများ စနစ်တကျထားရှိမှု၊ နေ့စဉ် ဆေးဝါးရောက်ရှိ ဖြန့်ဖြူးလက်ကျန်စာရင်းများနှင့် မြေပြင်လက်ကျန် မှန်ကန်မှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးကြည့်ရှု့ခြင်း၊ မြေပြင်အခြေအနေတွင် ဆေးဝါးများ ပြတ်လတ်မှု ရှိ/မရှိနှင့် ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းရာနှင့် ဖြန့်ဖြူး ရောင်းချ ရာတွင် အခက်အခဲမရှိစေရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်း များကို စျေးကွက်အတွင်း စျေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်နှင့် သိုလှောင်ခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ၊ အတုအပနှင့် အရည်အသွေး နိမ့်ပစ္စည်းများ ရောင်ချခြင်း ရှိ/မရှိကို ဩဂုတ်လ ၁၇ ရက်နေ့တွင် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့ကို နေပြည်တော်ကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားနေသည့်ကာလတွင် စျေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်၊ ကုသရေး၊ ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြု ပစ္စည်းများ ပြတ်လတ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ်၍ နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA)၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော် ရဲတပ်ဖွဲ့ တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရှိရသည်။
ထို့အပြင် မြို့နယ်အားလုံးတွင်လည်း အဖွဲ့များဖွဲ့စည်းထားပြီး နေ့စဉ် ဆေးဆိုင်များ ဖွင့်လှစ်မှု ရှိ/မရှိ ဆေးဝါးစျေးနှုန်းအခြေအနေ၊ စည်းကမ်းစနစ်တကျ ရောင်းချမှု ရှိ/မရှိတို့ကို မြို့နယ်အလိုက် စစ်ဆေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

No comments:
Post a Comment