Tuesday, August 17, 2021

ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်း


နေပြည်တော် ဩဂုတ် ၁၆

တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်း စိုက်ပျိုး မွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း သောက်သုံးရေနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိကရေပေးဝေလျက်ရှိသည့် ရွှေနတ်တောင်ဆည်ရှိ ဆည်အတွင်း ရေဝင်ရောက်မှု၊ ထိန်းသိမ်းနိုင်သည့် ကန်ရေပြည့် ရေလှောင်ပမာဏနှင့် နေ့စဉ် ရေပေးဝေမှု အခြေအနေများကို သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဆည်ရေ သတ်မှတ် ပမာဏ အတိုင်း ထိန်းသိမ်းရေး၊ သန့်ရှင်းသော သောက်သုံးရေပေးဝေနိုင်ရေးနှင့် ဆည်ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေးတို့အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment