လွိုင်ကော် ဩဂုတ် ၃၀
ကယားပြည်နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့၊ ဆွမ်းဟင်းလျာများအတွက် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ် လွှတ်တော်ရုံးတို့မှ အလှူတော်ငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ၊ ကယားပြည်နယ်အစည်းဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်
ဦးခင်မောင်ဦးက ယနေ့အချိန် ကာလတွင် ဘုန်တော်ကြီးကျောင်း၊ သီလရှင်ကျောင်းများတွင်
ဆွမ်းဟင်းလျာများ အခက်အခဲ ရှိနိုင်သဖြင့်
မိမိတို့အနေဖြင့် ယခုလို လှူဒါန်းရခြင်းဖြစ်ကြောင်း၊ ဆက်လက်ပြီးလည် လစဉ်
လှူဒါန်းနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကိုဗစ် -၁၉ ကာလဖြစ်သည့်အတွက် ရဟန်း
များအနေဖြင့် ဆွမ်းခံကြွဖို့ အခက်အခဲဖြစ်နေချိန်ဖြစ်သည့်အတွက် ထိုအခက်အခဲများကို
ဖြေရှင်း နိုင်အောင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားတွင်ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ကယားပြည်နယ်အတွင်းရှိ
ဘုန်တော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၂၄ ကျောင်းအတွက် အလှူတော်ငွေ (၁၄၉၀၄၀၀၀)ကို
ပေးအပ်ရာ ဆရာတော်များနှင့် သီလရှင်များကိုယ်စား ပြည်နယ်သာသနာရေးမှူးရုံးမှ
ဒု-ညွှန်မှူး ဦးသန်းထွေးနှင့် ဦးစီးအရာရှိ ဒေါ်အိဖြူဖြူခိုင်တို့က လက်ခံရယူခဲ့သည်။
ထို့နောက်
ပြည်နယ်သာသနာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်မှ ဆရာတော်များနှင့်
သီလရှင်များကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်း ရေးမှူး ၊ ပြည်နယ်လွှတ်တော်ရုံးညွန်ကြားရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင် ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


No comments:
Post a Comment