Wednesday, August 11, 2021

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို ပုလဲဆရာတော်ကို သွားရောက်ဖူးမြော်ပြီး ပုလဲအောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအား ကြည့်ရှု

 


 

မန္တလေး ဩဂုတ်

 မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီး ဦးမျိုးအောင်နှင့်အတူ ယနေ့ နံနက် ၁၀ နာရီက မဟာအောင်မြေမြို့နယ် ချမ်းမြသာစည် မြောက်ရပ်ကွက်၊ မဟာမင်းထင်တိုက်၊ မိုးကုတ်ရိပ်သာကျောင်းရှိ ပုလဲပရဟိတ ဖောင်ဒေးရှင်းသို့ သွားရောက်ကာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တပညာဝံသ (ပုလဲဆရာတော်) အား ဖူးမြော်ကြည်ညိုသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပုလဲဆရာတော်တို့သည် ပုလဲပရဟိတ ဖောင်ဒေးရှင်း ကျောင်းအတွင်း အောက်ဆီဂျင်စက်ထားရှိရန် ပြင်ဆင်ထားရှိမှုကိုကြည့်ရှု၍ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ တံခွန်တိုင်းဈေးတောင်ဘက်၊ ပြည်ကျောင်းတိုက်၊ လောကတ္ထစရိယ ပုလဲပရဟိတကျောင်းအတွင်း အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုများကို ကြည့်ရှုသည်။

ပုလဲဆရာတော် ဦးစီးတည်ထောင်သော ပုလဲပရဟိတဖောင်ဒေးရှင်းမှာ ၂၀၁၁ ခုနှစ်မှ စတင်၍ လူနာများအတွက် အသက်ကယ်လေ(အောက်ဆီဂျင်) အလှူစီမံကိန်းကို ဆောင်ရွက်လျက် ရှိကာ ယခုအခါ လီတာ ၄၀ ဆံ့ အိုး ၁၂၀ ထုတ်လုပ်နိုင်သော စက်နှစ်လုံးနှင့် လီတာ ၄၀ ဆံ့ အိုး ၃၈၀ ထုတ်လုပ်နိုင်သော အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း  သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment