ပုသိမ် သြဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်၈နာရီခွဲအချိန်က ပုသိမ်မြို့၊ ကိုးသိန်းအားကစား ပြိုင်ကွင်းတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုငွေကျပ် (၉၄၀.၅)သန်း ဖြင့် Reva Co.,Ltd မှ တာဝန်ယူဆောက်လုပ်နေသည့် မီတာ(၄၀၀) Synthetic ပြေးလမ်းခင်းခြင်း လုပ်ငန်းနှင့် မိုးလုံလေလုံအားကစားကွင်း ဆောက်လုပ်နေမှုအခြေအနေကို သွားရောက် ကြည့်ရှု ရာ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကုမ္ပဏီတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ယနေ့နေ့လည်(၁၂၀၀)အချိန်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ အနောက်တောင် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများ နှင့်အတူ ပုသိမ်မြို့၊ အမှတ်(၁၃) ရပ်ကွက်၊ ကင်မလင်းကျွန်း စက်မှုဇုန်ရှိ DONG LONG (Pathein) GARMENT CO.,LTD နှင့် CHIA MOON SPORTS (Myanmar)Co.,Ltd တို့ရှိ စက်ရုံဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများကို လည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ကိုတွတ်

No comments:
Post a Comment