Saturday, August 21, 2021

ရှမ်းပြည်နယ်အစိုးရရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်း များပေးအပ်


တောင်ကြီး သြဂုတ် ၂၁

ရှမ်းပြည်နယ်အစိုးရရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မိမိတို့အစိုးရအဖွဲ့မှ ညှိနှိုင်းတိုင်ပင် ဆွေးနွေးကာ အစိုးရရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား အထိုက် အလျှောက် အဆင်ပြေစေရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ယူပြီးချိန်အထိ ထောက်ပံ့ပေးမှု ဆောင်ရွက်ခဲ့ရာ (၆)ကြိမ်ရှိပြီး ဝန်ထမ်း စုစုပေါင်း(၃၂၄)ဦးအား ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း၊ ယနေ့တွင်လည်း သကြား၊ ကြက်သွန်နီ၊ အာလူး၊ ခရမ်းချဉ်သီး၊ ငွေသားတစ်သောင်းခွဲစီဖြင့် စုစုပေါင်းငွေကျပ် (၆၄)သိန်း(၈)သောင်းတို့ကို ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ကိုဗစ်ကာလတွင် ဝန်ထမ်းများအားလုံးက အခက်အခဲများ ရင်ဆိုင်၍ တာဝန်ထမ်းဆောင်ရသောကြောင့် မိသားစု စိတ်ဓာတ်ဖြင့် အလုပ်ကို ဝိုင်းကူဆောင်ရွက်ပေးကြသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အောင်မြင်မှု ရရှိပါကြောင်း၊ မိမိတို့အနေဖြင့် တစ်ဦး တစ်ယောက်ထဲ တာဝန်ထမ်းဆောင်လို့မရသလို အားလုံးက စုပေါင်း၍  ရာထူးအဆင့်အလိုက် တာဝန်ခံဆောင်ရွက်ပေးသည့်အတွက် အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်း များ အောင်မြင်မှုရရှိပါ ကြောင်း၊ ဝန်ထမ်းများကလည်း ကျန်းမာရေးမကောင်းပါက ချက်ချင်း သတင်းပေးရန်နှင့် မိမိတို့အနေဖြင့် ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်ကာလကို ကျော်လွှားပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ထမ်းများက အားလုံး ပူးပေါင်းဆောင်ရွက်ပေး ကြရန် ပြောကြားသွားသည်။    

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ထောက်ပံ့ငွေနှင့် စားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူအသီးသီးမှ လက်ခံရယူကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment