Friday, August 20, 2021

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေး

 



ပခုက္ကူ ဩဂုတ် ၂၀

 မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ယမန်နေ့နေ့လယ် နာရီက ပခုက္ကူ ခရိုင်နှင့်မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့်တွေ့ ဆုံဆွေးနွေးသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ပခုက္ကူခရိုင်အတွင်းရှိ ပြည်သူ များအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများထိုးနှံပေးမှု အခြေ အနေ၊ ကာကွယ်ဆေး လုံးဝထိုးနှံခြင်းမရှိသေးသည့် ပြည်သူများနှင့်ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသူများ အား ဆက်လက်ထိုးနှံပေးရန်ဆောင်ရွက် မည့်လုပ်ငန်းအစီအစဉ်၊ ခရိုင်အတွင်း Stay at Home (နေအိမ်နေထိုင်ရေး) အကျုံးဝင်သည့်မြို့နယ်များရှိ ပြည်သူများ အနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရေး စဉ်ဆက်မပြတ်ကြပ်မတ်ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက် မှုနှုန်း များပြားခြင်း နှင့်အတူ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများအတွက် လိုအပ်သည်များ တင်ပြကြရန် ပြောကြားသည်။

ဆက်လက်၍ပခုက္ကူ၊ ရေစကြို၊မြိုင်၊ပေါက်နှင့် ဆိပ်ဖြူမြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌများက သက်ဆိုင်ရာမြို့နယ်အလိုက် ကိုဗစ်-၁၉ရောဂါပိုးနေ့စဉ်စစ်ဆေးပေးနေမှု၊ ပိုးတွေ့ရှိမှုနှင့် သေဆုံးမှုအခြေအနေများ၊ အောက်ဆီဂျင်လိုအပ်မှုအခြေအနေ၊ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်တားဆီးရေး အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်နေမှု၊ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထား ရှိပြီး ခရီးသည်များအား ကြပ်မတ်စစ်ဆေးနေမှု၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေး လှုပ်ရှား ဆောင်ရွက်နေမှု၊ သတ်မှတ်ချိန်ထက်ကျော်လွန်၍ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများအား စစ်ဆေးအရေးယူ ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေးများသိုလှောင်သိမ်းဆည်း ခြင်း၊ သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်၍ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်နေမှုများကို အသီးသီးရှင်း လင်းတင်ပြကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးက မြို့နယ်များအလိုက် ရှင်းလင်းတင်ပြမှု အပေါ် ထပ်မံ ဖြည့်စွက်ပြန်လည်ပြောကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားကြောင်းသိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)

No comments:

Post a Comment