ဝေါ သြဂုတ် ၂၈
အဆိုပါ
အောက်စီဂျင်စက်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်၊ ဗိုလ်မှူးမျိုးဝင်းအောင်နှင့်
တာဝန်ရှိသူများ စတင်လည်ပတ်မှု ကြည့်ရှုစစ်ဆေးပြီး စက်ရုံတာဝန်ရှိသူများအား စက်ရုံရေရှည်
တည်တန့်ခိုင်မြဲစေရေးအတွက် လမ်းညွှန်မှာကြားခဲ့သည်။ အောက်စီဂျင်စက်ကို ဝေါမြို့နယ်ဆေးရုံဟောင်းရှေ့၌
တည်ဆောက်ထားပြီး ဝေါမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် အောက်ဆီဂျင်
လိုအပ်သူများအတွက်လည်းကောင်း၊ အခြားမြို့များမှ
လိုအပ်သူများ အလွယ်တကူ ရရှိစေရန်အတွက် အောက်ဆီဂျင်စက် လှူဒါန်းပေး ခြင်းဖြစ်ကြောင်း၊
ထိုအောက်ဆီဂျင်စက်အား ဩဂုတ်၂၄ ရက်နေ့မှ စတင်မြေနေရာ ရှင်းလင်း စတင်တည်ဆောက်ခဲ့ကာ ယမန်နေ့ညက စမ်းသပ်လည်ပတ်ကာ ယနေ့နံနက်
၇နာရီအချိန်မှ စတင်လည်ပတ်ပြီး အောက်ဆီဂျင် ထုတ်လုပ်ကာ လိုအပ်သူများအား စတင်ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း သိရသည်။ ဝေါမြို့နယ်တွင် ကျေးရွာအုပ်စု၆၄ အုပ်စုနှင့် ကျေးရွာပေါင်း ၁၁၇ ရွာ၊
ရပ်ကွက်၆ ရပ်ကွက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ
ကာကွယ် ထိန်ချုပ်နိုင်ရေးနှင့် ရောဂါပိုးတွေ့ရှိပြီး ကုသရေးစင်တာများတွင် ကိုဗစ် ၁၉
ရောဂါ ဖြစ်ပွားသူများအတွက် အောက်ဆီဂျင် လိုအပ်မှုများရှိနေသည်ဖြစ်ရာ မြို့နယ် ကိုဗစ်
၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စီမံကြီးကြပ်၍ မြို့မိ၊
မြို့ဖများ၊ ဒေသခံစေတနာရှင် ကုသိုလ်ရှင်များ စုပေါင်းမတည်လှူဒါန်းငွေကျပ်သိန်း (၁၂၀၀)
ဖြင့် တည်ဆောက်နိုင်ခဲ့သည်။
ဝေါမြို့
ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ဆေးကုသမှုခံယူနေသူ ( ၁၀၀ )ဦး ရှိနေပြီး
ကိုဗစ်-၁၉ ရောဂါဖြင့်၉၆ ဦးသေဆုံးကာ ကျန်းမာရေးကောင်းမွန်သဖြင့်( ၁၂၈၁ )ဦး ဆေးရုံကြီးမှ
ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)

No comments:
Post a Comment