မိုင်းဆတ် သြဂုတ် ၂၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေ(၃)နာရီခွဲက မိုင်းဆတ်မြို့သို့ ရောက်ရှိခဲ့ပြီး ဇိအုန် ဟိုတယ်ခန်းမတွင် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ
ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မိုင်းဆတ်ခရိုင်အနေဖြင့်
မျှော်မှန်း၍ မရသော သဘာဝဘေးအန္တရာယ်များ မကျရောက်မီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားစေ
လိုကြောင်း၊ ကမ္ဘာတစ်ဝှမ်း ကူးစက်မှုနှုန်းမြင့်တက်နေသည့် ကိုဗစ်-၁၉ တတိယလှိုင်း ကာလတွင် မိုင်းဆတ် ခရိုင်အနေဖြင့်
ကူးစက်မှု(၁၀၀)ရာခိုင်နှုန်း မြင့်တက်မှုမရှိစေရန်
ကာကွယ်တားဆီးရေးလုပ်ငန်းများ အရှိန် အဟုန်မပျက် ဆောင်ရွက်ရန်လိုကြောင်း၊ မိုင်းဆတ်ခရိုင်အတွက်
အောက်ဆီဂျင်လိုအပ်ချက် ဖြည့်ဆည်းပေး နိုင်ရန် အောက်ဆီဂျင် ထုတ်စက်ဝယ်ယူထားပြီးဖြစ်ကြောင်း၊
မကြာမီအချိန်တွင် မိုင်းဆတ်ခရိုင်သို့ အောက်ဆီဂျင်ထုတ်စက် ပို့ဆောင်နိုင်ရန် စီမံဆောင်ရွက်ထားပြီဖြစ်ကြောင်း၊
ကိုဗစ်-၁၉ စတုတ္ထလှိုင်း ဝင်ရောက်မှုမရှိစေရန် ကြိုတင်ပြင်ဆင်မှုများ
ဆောင်ရွက်ရန် လိုအပ်သည်မှာ နိုင်ငံတော်၏ လမ်းညွှန်မှာကြား ချက်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ် မှာကြားချက်မှာ မိမိတို့ နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို
အခြေခံသော နိုင်ငံဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၏ ပထမ ထွက်ကုန်မှာ စပါး၊ ဒုတိယပြောင်း၊
တတိယအာလူး စသည်တို့မှာ အဓိကထွက်ကုန်များဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို နိုင်ငံတော်ညွှန်ကြားချက်နှင့် အညီ ဆောက်ရွက်ပေးစေလိုပါကြောင်း
ရှင်းလင်းပြောကြားပြီး မိုင်းဆတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က
မိုင်းဆတ်ခရိုင်အတွက် လိုအပ်လျက်ရှိသော မြို့တော်ခန်းမတည်ဆောက်နိုင်ရေးနှင့် ဒေသဆိုင်ရာ
အချက်အလက်များ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မိုင်းဆတ်ခရိုင်နှင့်မြို့နယ်၊ မိုင်းတုံ
မြို့နယ် အတွက် ကိုဗစ်-၁၉ ရောဂါ
ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ တစ်မြို့နယ်လျှင် ငွေကျပ် (၁၀)သိန်းနှင့် ကိုဗစ်-၁၉ ရောဂါ
ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေထွန်းနှင့် မိုင်းတုံမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးလွင်မိုးတို့က လက်ခံရယူပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြော
ကြားခဲ့ကြောင်း သိရသည်။
ထို့နောက်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ၂၀၂၀-၂၀၂၁ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး
Clean & Green City ခေါင်းစဉ်မှ ပြည်နယ်ခွင့်ပြုရန်ပုံ ငွေကျပ် (၂၁၃ ဒဿမ ၇၈)သန်းဖြင့် တော်ဝင်တန့်ဆိုင် ဆောက်လုပ်ရေးကုမ္ပဏီမှ
တာဝန်ယူဆောင်ရွက်သည့် ဝိန်းနေ-ဝိန်းကောင်း လမ်းအရှည်(၃၁၁၇)ပေ၊ အကျယ်(၂၄)ပေ၊ ထုထည်(၁၅)လက်မ ကတ္တရာခင်းခြင်း၊
လမ်းဘေးမြေသားရေမြောင်း ဖောက်ခြင်း၊ ဝိန်းနေ-ဝိန်းကောင်းလမ်းနှင့်
ဆက်စပ်သည့် လမ်းသွယ်များတွင် အရှည်ပေ(၄၀)၊ အကျယ် (၃)ပေ၊ အမြင့်(၃)ပေ Box Culvert (၃)စင်းနှင့် အရှည်(၁၈)ပေ၊ အကျယ်(၃)ပေ၊ အမြင့်(၃)ပေ Box Culvert (၈)စင်းတည်ဆောက်ခြင်းလုပ်ငန်းများကို
သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူတို့အား လိုအပ်သည်များဖြည့်စွက်မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်
အဖွဲ့သည် မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ကျန်းမာရေး ဝန်ထမ်းများ၊
တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားပြီး မိုင်းဆတ်မြို့နယ် ပြည်သူ့ဆေးရုံနှင့်
မိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းစီနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် အစားအသောက်များ ထောက်ပံ့ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်ဇေယျက
လက်ခံရယူခဲ့သည်။
ယင်းနောက်
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ခရိုင်နှင့်
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆင်းဧကရီ-၃ မျိုးသန့်၊ မျိုးပွား
မိုးစပါး စံပြ စိုက်ခင်း(၂ဒဿမ၀၀)ဧက စိုက်ပျိုးထားရှိမှုနှင့်
မျိုးကွဲ နုတ်ပယ် ခြင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်
No comments:
Post a Comment