ထိုသို့ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နေသည့် မန်းကျိုးကျေးရွာအုပ်စု
ခြင်ထောင်ဂွ ကျေးရွာတွင် အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၉၆ ဦး၊ နွားအကောင်ရေ ၃၂၀၊ ဆိတ်
၇ ကောင်၊ ဝက် ၁၅ ကောင် တို့အား ရေဘေးလွတ်ရာ သံကန်တန်း (၇) ကျောက်ကုန်းနေရာနှင့် ပေတော
ဘုန်းတော်ကြီး ကျောင်းများသို့ ရွှေ့ပြောင်းနေထိုင်ရကြောင်း သိရသည်။
အဆိုပါ ရေဘေးလွတ်ရာသို့
ရွှေ့ပြောင်းနေထိုင်ကြသော ရွာသူရွာသားများအား မင်းဘူးခရိုင် ခရိုင်စီမံ အုပ်ချုပ်ရေး
အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက လိုအပ်သည်များ ကူညီမှုများ ဆောင်ရွက်ပေး၍ အားပေးစကား
ပြောကြားပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် မင်းဘူးခရိုင်
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းတို့က ထောက်ပံ့ ပေးအပ်ငွေကျပ် နှစ်သိန်းတစ်ထောင်ခြောက်ရာကျပ်နှင့်
နှာခေါင်း စည်း Mask များအား ကျေးရွာအုပ်ချုပ်မှူးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာထက် (မင်းဘူး)


No comments:
Post a Comment