ဒဂုံတောင် သြဂုတ် ၁၇
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၅၇)ရပ်ကွက် နောင်ရိုးလမ်းနှင့် အောင်ဇဗ္ဗူလမ်းထောင့်ရှိ (၅၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးကာဝတ်ထားသည့် လူငယ်(၄)ဦးခန့်မှ သေနတ်(စိစစ်ဆဲ)ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွင် လာရောက်ပစ်ခတ်ခဲ့ရာ ဦးဉာဏ်ထွန်း (ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ရုံးအကူ) တွင် မေးစေ့ထိမှန် ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်းနှင့် အခင်းဖြစ် နေရာမှ 9MM USA Luger ကျည်ခွန် (၂)ခု ကျည်ထိပ်ဖူး(၁)ခု တို့အား တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment